စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၁-ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဘောလုံးနည်းပြ “ C ” လိုင်စင် သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၁-ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဘောလုံးနည်းပြ “ C ” လိုင်စင် သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်





မုံရွာ၊ ဒီဇင်ဘာ   ၁၅

၂၀၂၁-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဘောလုံးနည်းပြ “C” လိုင်စင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန် က မုံရွာမြို့၊ ပြည်သူအားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး /ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အဖွင့်အမှာစကား ပြောကြားရာတွင် “နိုင်ငံတစ်နိုင်ငံရဲ့ ဘောလုံးအားကစား အဆင့်အတန်းဟာ အဲဒီနိုင်ငံမှာ ကျင်းပနေတဲ့ ဘောလုံးပြိုင်ပွဲများရဲ့ အဆင့်အတန်းရှိမှုအပေါ် မူတည်နေသလို အဆင့်အတန်းရှိသော ဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ရန်အတွက်လည်း ဘောလုံးနည်းပြ ဆရာကောင်းများရှိရန် အထူးအရေးကြီးပါကြောင်း၊ နိုင်ငံတစ်နိုင်၏ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရေတိုရေရှည်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အရည်အသွေးမြင့်မားတဲ့ နည်းပြကောင်းတွေ စဉ်ဆက်မပြတ် ပေါ်ထွက်စေရေး စီမံချက်ကိုလည်း မဖြစ်မနေထည့်သွင်းစဉ်းစား လုပ်ဆောင်ရမှာဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဘောလုံအားကစားရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ ကစားကွက်တွေကို သဘောပေါက်နားလည်သွားရမှာ ဖြစ်ပါကြောင်း၊ ဒီသင်တန်းကရရှိခဲ့တဲ့ အသိပညာဗဟုသုတတွေနဲ့ နည်းပညာတွေကို သင်တန်းမှာမထားခဲ့ဘဲ လက်တွေ့နယ်ပယ်ထဲအထိ အသုံးချနိုင်ဖို့ အမြဲတမ်းလေ့ကျင့် လှုပ်ရှားသင်ယူနေကြဖို့ တိုက်တွန်းလိုပါကြောင်း “ ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က သင်တန်းနည်းပြ ဆရာများအား ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြင့်ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ ၂၀၂၁-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဘောလုံးနည်းပြ “C” လိုင်စင်သင်တန်းကို ဒီဇင်ဘာလ (၁၅)ရက်နေ့မှ ဒီဇင်ဘာလ (၂၀)ရက်နေ့အထိ (၆)ရက်ကြာ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၃၃)ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)