ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန် ပထမဆုံး အတည်ပြုနာ ၁ ဦး တွေ့ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန် ပထမဆုံး အတည်ပြုနာ ၁ ဦး တွေ့ရှိ


ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၅

ကမ္ဘောဒီးယားနိုင်ငံ၌ အနောက်အာဖရိကနိုင်ငံဖြစ်သော Ghana နိုင်ငံ မှပြန်လာ သူ ၁ဦးထံတွင် COVID-19 ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန်အား ပထမဆုံး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က ဒီဇင်ဘာ ၁၄ ရက် ညသန်းခေါင်းယံ သတင်းထုတ်ပြန်ချက်တွေ ကြေညာခဲ့သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ကမ္ဘောဒီးယားနိုင်ငံသူ တွင် ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန်အား တွေ့ရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ Pasteur Institute က ဒီဇင်ဘာ ၁၄ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကိုယ်ဝန် ၁၅ ပတ်ရှိသည့် ၎င်းအမျိုးသမီးသည် ဒူဘိုင်းနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့ကို ချိတ်ဆက်သည့် လေကြောင်းခရီးစဉ်ဖြင့် Ghana နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ဒီဇင်ဘာ ၁၂ ရက်တွင် ရောက်ရှိလာခဲ့ပြီး ၎င်းအား ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ရောက်ရှိချိန်တွင် rapid-tested  ဖြင့် ရောဂါပိုးရှိမရှိ စစ်ဆေးစဉ် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

အဆိုပါလူနာသည် လက်ရှိတွင် ဖနွမ်းပင်မြို့ရှိ COVID-19 ကုသရေးဌာနတွင် ကုသမှုခံယူလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန်နှင့်ပတ်သက်၍ တောင်အာဖရိက နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့ နိုဝင်ဘာ ၂၄ ရက်တွင် ပထဆုံး အစီရင်ခံခဲ့ပြီး ၎င်းကို WHO က စိုးရိမ်စရာကောင်းသော ဗီဇပြောင်းဗိုင်းရပ်စ် အဖြစ် သတ်မှတ်ခဲ့သည်။

ပုံစာ- ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ကာကွယ်ဆေးထိုးနေရာတစ်ခုတွင် တရုတ်နိုင်ငံ၏ Sinovac COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူရန်စောင့်ဆိုင်းနေသူများအား ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်တွင် တွေ့ရစဉ်


Ref - (ဆင်ဟွာ) 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)