ဟိုပင်၊ ဒီဇင်ဘာ ၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့တော်ခန်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ covid -19 ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ဒီဇင်ဘာ ၁ ရက် နံနက် ၈ နာရီမှစ၍ ဉီးတည်အုပ်စုအလိုက် Sinoparm တရုတ်နိုင်ငံထုတ် covid -19 ကာကွယ်ဆေးထိုးနှံခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများ၊ ဟိုပင်မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုရှိ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လူမှုရေး အသင်းအဖွဲ့ဝင်များက မြို့တော်ခန်းမအဝင်တွင် စာရင်းကောက်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်း၊ ဆီးချိုရောဂါ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး covid -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမြို့အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဝေလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ပြည်သူများအနေဖြင့် မဖြစ်မနေ နေအိမ် ပြင်ပသို့ ထွက်ခွာရန်ရှိပါက နှာခေါင်းစည်း MASK တပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ရှားကြရန် အသိပညာပေး ပြောကြားခဲ့ပြီး နှာခေါင်းစည်း MASK များအခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
သတင်း - တိုးတိုးမေ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment