COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း



 

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း 

(၁-၁၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန် ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။


COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေး ခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၃၀-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁-၁၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၁,၈၃၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၂၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၉၄) ရာခိုင်နှုန်းရှိပါသည်။


သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၆၀၅,၇၄၇) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၂၂,၈၂၅) ဦး ရှိပြီ ဖြစ်ပါသည်။


ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၈၀၁) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၄၉၈,၀၅၀) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၇) ဦး ရှိသဖြင့် ယနေ့ အထိ သေဆုံးသူစုစုပေါင်း (၁၉,၁၁၁) ဦး ရှိပါသည်။


COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၃၀-၁၁-၂၀၂၁) ရက်နေ့ အထိ လူဦးရေ စုစုပေါင်း (၁၆,၈၄၉,၁၇၂) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၁၁,၈၅၈,၅၉၈) ဦး နှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၄,၉၉၀,၅၇၄) ဦး ရှိပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၃၀-၁၁-၂၀၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၂၈,၇၀၇,၇၇၀) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။


• ယခုဖြစ်ပွားနေဆဲဖြစ်သည့် တတိယလှိုင်းကာလအတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှုမြင့်မားခဲ့သော မြို့နယ် (၁၁၉) မြို့နယ်အား နေအိမ်တွင်နေထိုင်ရေးအစီအစဉ် (Stay at home) သတ်မှတ်ဆောင်ရွက်၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ရာတွင် လူနာသစ်တွေ့ရှိရမှုနှင့် ပိုးတွေ့ရှိနှုန်း လျော့နည်းကျဆင်းလာသော မြို့နယ်များအား (Stay at home) မြို့နယ်အဖြစ်မှ ဖြေလျှော့ပေး လျက်ရှိရာ ယနေ့အထိ နေအိမ်တွင်နေထိုင်ရေးအစီအစဉ်တွင် ဆက်လက်အကျုံးဝင်နေသည့် မြို့နယ် (၁၁) မြို့နယ်သာ ကျန်ရှိပါသည်။


• ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့သည့်  လူမှုစီးပွားလုပ်ငန်းများ အမြန်ဆုံး ပုံမှန်ပြန်လည် လည်ပတ်နိုင်ရန်အတွက် ဖြေလျှော့မှုများ ဆောင်ရွက်ပေးလျက်ရှိသော်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာနိုင်သည့် အခြေအနေကို သတိပြုကာကွယ်ရမည် ဖြစ်ပါသည်။


• သို့ဖြစ်ပါ၍ နေအိမ်တွင်နေထိုင်ရေးအစီအစဉ် (Stay at home) တွင် ဆက်လက်ပါဝင်သည့် မြို့နယ်များတွင် နေထိုင်သူများအနေဖြင့်လည်းကောင်း၊ နေအိမ်တွင်နေထိုင်ရေးအစီအစဉ် (Stay at home) တွင် ဆက်လက်ပါဝင်ခြင်းမရှိတော့သည့် မြို့နယ်များတွင်လည်းကောင်း၊ နေအိမ်တွင်နေထိုင်ရေးအစီအစဉ် (Stay at home) တွင် ပါဝင်ခဲ့ခြင်းမရှိခဲ့သည့် မြို့နယ်များ တွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်၍ သတိပြု လိုက်နာဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက် ခံယူခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပြည်သူလူထုအနေဖြင့် မိမိတို့ ကဏ္ဍအလိုက် ယခုထက် ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။


• COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


‌https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)