ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဝိုင်းမော်မြို့နယ်အတွင်း စိန့်ဂျိုးဇက်IDPs စခန်းမှ အိမ်ထောင်စု(၂၁)စုတို့အား မိုင်းနားအူရီမုန်ရာယန်နယ်မြေသို့ ပြောင်းရွှေ့နေရာချထားပေးပြီး ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဝိုင်းမော်မြို့နယ်အတွင်း စိန့်ဂျိုးဇက်IDPs စခန်းမှ အိမ်ထောင်စု(၂၁)စုတို့အား မိုင်းနားအူရီမုန်ရာယန်နယ်မြေသို့ ပြောင်းရွှေ့နေရာချထားပေးပြီး ထောက်ပံ့ပေးအပ်


မြစ်ကြီးနား၊ ဒီဇင်ဘာ   ၁၁

ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်က ဝိုင်းမော်မြို့နယ်အတွင်း စိန့်ဂျိုးဇက် IDPs စခန်းမှအိမ်ထောင်စု (၂၁)စုတို့အား မိုင်းနားအူရီမုန်ရာယန်နယ်မြေသို့ ပြောင်းရွှေ့နေရာချထားပေးပြီး ထောက်ပံ့ပေးအပ်မှုများကို ဒီဇင်ဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မိမိတို့အနေဖြင့် နေရပ်စွန့်ခွာ ပြည်သူများသိက္ခာရှိစွာနေရပ် ပြန်လည်နေထိုင်နိုင်ရေး၊ ပြောင်းရွှေ့နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် များကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြန်လည်ထူထောင်ရေး အတွက် လိုအပ် သည့် ကူညီထောက်ပံ့မှုများကိုလည်း စဉ်ဆက်မပြတ် ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်က အဖွင့်အမှာစကားတွင် အားပေး ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်နှင့် တာဝန်ရှိသူများက ရွှေ့ပြောင်း နေထိုင်သည့် အိမ်ထောင်စု(၂၁)စုတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးရုံးမှ ငွေကျပ် ၁၈၇၈၇၅၀ တန်ဖိုးရှိ စားနပ်ရိက္ခာ (၁)လစာဆန် အိတ် ၄၁ ကျော်၊ ဆီနှင့်ကုလားပဲ ၈၄ ပိဿာစီ၊ ဆား ၂၁ ပိဿာနှင့် ပြောင်းရွှေ့စရိတ် (၁)အိမ် ထောင်လျှင် ငွေကျပ် ၁ သိန်းနှုန်း ဖြင့် စုစုပေါင်း ၂၁၀၀၀၀၀ သိန်း၊ (၂၁)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းပုံး ၂၁ ပုံး ငွေကျပ် ၁၅၅၄၀၀၀ တန်ဖိုးရှိနှင့် စုစုပေါင်းတန်ဖိုး ၅၅၃၂၇၅၀သိန်းတို့ကို အသီးသီး ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

ဆက်လက်၍ မိုင်းနားအူရီမုန်ရာယန်းနယ်မြေသို့ ပြောင်းရွှေ့နေထိုင်မှုအတွက် ဆုတောင်း ဆက်ကပ်ခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုကျူးဧခြင်း၊ ကျမ်းစာဖတ်ခွန်အားပေးခြင်း၊ ဓမ္မ ဒေသနာတော် ဟောကြားခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီ ၂၀၂၁-၂၀၂၂ (၆လ)မီနီ ဘတ်ဂျတ်ဖြင့် ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်မည့် အူရီမုန်ရာယန်သွားလမ်းကို ပြည် နယ် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရူ စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)