ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် VDPစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲနှင့် စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် VDPစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲနှင့် စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကျင်းပ

 




ကြံခင်း၊ ဒီဇင်ဘာ  ၁၁

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၏၂၀၂၁-၂၀၂၂ခု(၆)လ ဘဏ္ဍာရေးနှစ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်VDP စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲနှင့် စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို မြိုနယ်ကျေးလက်ဒေသဖွံဖြိုးတိုးတတ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက အစီအစဉ်(၂)ရပ်ဖြင့်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှုးဦးသိန်းတန်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးမှူး ဦးယဉ်မင်းဦးက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်VDPစီမံကိန်း ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များနှင့် ပတ်သက်ပြီးဆောင်ရန်၊ ရှောင်ရန်အချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် ရှင်းလင်းပြောကြားပါသည်။

ထိုနောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှုးဦးသိန်းတန်နှင့် မြို့နယ်သမဝါယမဦးစီးမှုး ဦးအုန်းလှိုင်တို့က မြစိမ်းရောင်ကျေးရွာ စီမံကိန်းမတည်ရန်ပုံငွေရရှိသော  လယ်ကြီးကွင်းကျေးရွာနှင့် ကုန်းမြင့်ကျေးရွာ ကော်မတီဝင်များထံသို့ ငွေကျပ်သိန်း(၃၀၀)စီအားလည်းကောင်း၊ ကျေးရွာဖွံဖြိုးတိုးတတ်ရေးလုပ်ငန်း စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ပက်မခမ်းကျေးရွာ၊ ရေနံတောင်ကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ ဝန်ထောက်ကွင်း ကျေးရွာ၊ ထန်းတပင်ကျေးရွာ(၅)ရွာသို့ VDPစီမံကိန်းရန်ပုံငွေကျပ်သိန်း (၁၀၀)စီအားမြို့နယ်ဌာနဆိုင်ရာ ကော်မတီဝင်များက လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး ဒုတိယပိုင်းအစီအစဉ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးမှူးထံတွင် စီမံကိန်းရန်ပုံ ငွေရရှိသော ကျေးရွာများက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်VDPစီမံကိန်းရန်ပုံငွေ စာချုပ်ချုပ်ဆို လက်မှတ်ရေး ထိုးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှုးဦးသိန်းတန်၊ မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတတ်ရေး ဦးစီးမှုးဦးယဉ်မင်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ ကော်မတီဝင်များ၊ ကျေးရွာစီမံကိန်း ကော်မတီဝင်များတတ်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - မိုးမိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)