အကြမ်းဖက်လှုံ့ဆော်သူ NLD, CRPH, NUG, PDF တို့၏ အသံတိတ် သပိတ်အပေါ် ပြည်သူ့တို့၏ အမြင် - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက်လှုံ့ဆော်သူ NLD, CRPH, NUG, PDF တို့၏ အသံတိတ် သပိတ်အပေါ် ပြည်သူ့တို့၏ အမြင်

( ပြည်သူတွေ အခက်အခဲ အကြပ်အတည်းတွေ ရင်ဆိုင်နေရခြင်းဟာ NLD ပါတီကြောင့်ဖြစ်တယ်)











ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက်

ယနေ့ ဒီဇင်ဘာလ (၁၀)ရက်နေ့ကို NLD, CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက်အဖွဲ့များက လှုံ့ဆော်ပြီး ပြည်သူများ စိုးရိမ်မှုဖြစ်ခဲ့ကြသည့်အပေါ် ရန်ကုန်မြို့ပေါ်ရှိ ပြည်သူတို့၏ ရင်တွင်းစကားသံများကို မြန်မာနေရှင်နယ်ပို့စ်က လိုက်လံမေးမြန်းမှတ်တမ်းတင်ခဲ့သည်ကို ဖော်ပြလိုက်ရပါတယ်။


ဦးမောင်မောင်စိုး (တောင်ဥက္ကလာပ)

NLD တွေ အာဏာလက်မဲ့ ဖြစ်သွားကတည်းက တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အမျိုးမျိုး လုပ်ခဲ့ကြတာပဲဗျာ။ လမ်းပေါ်ထွက် ဆန္ဒပြ၊ သံပုံးတီးတယ်၊ မီးကွင်းပစ်မယ် ဘာလုပ်မယ် ညာလုပ်မယ် ခြိမ်းခြောက်ခဲ့တာလည်း သူတို့ပဲ။ နောက်တော့ CDM လှုံ့ဆော်တယ်။ ဝန်ထမ်းတွေကို လိုက်နှောက်ယှက်တယ်။ တပ်မတော်အာဏာထိန်းပြီးကတည်းက အမျိုးမျိုး လှုံ့ဆော်ခဲ့တာပဲဗျာ။

ဒီကနေ့ အသံတိတ်သပိတ် ကြေညာတယ်တဲ့။ အများပြည်သူက ကိုယ့်အလုပ်ကိုယ် အေးအေး ဆေးဆေး လုပ်ပြီး နေကြတာပါဗျာ။ သူတို့လုပ်တဲ့အထဲ ပါဝင်နေကြတာ မဟုတ်ပါဘူး။ ဆိုင်တွေ ပိတ်တယ်ဆိုတာကလည်း သူတို့ရန်ကို ကြောက်လို့၊ သူတို့ လှုံ့ဆော်သလို မလုပ်ရင် တိုက်ခိုက်မယ်၊ ဖောက်ခွဲဖျက်ဆီးမယ်၊ အဆိုးဆုံးအခြေအနေ လုပ်ကြံသတ်ဖြတ်တာအထိ ဖြစ်နိုင်တယ်လေ။ ဒါကြောင့် အေးအေးဆေးဆေး နေကြတာပါ။ ကျွန်တော်ကတော့ NLD ကို ရွံသွားပြီ။ တချိန်ကတော့ ထောက်ခံခဲ့တယ်။ အားပေးခဲ့ဖူးတယ်။ ပြည်သူကို အသုံးချပြီး ပြည်သူအချင်းချင်း သတ်ဖြတ်ခိုင်းတာတွေ လုပ်လာကတည်းက ရွံသွားတယ်။ အခုဆိုရင် သံဃာတော်တွေကိုပါ သတ်ဖြတ်သည်အထိ ဖြစ်လာတော့ ဒီလိုအဖွဲ့အစည်းမျိုးကို ထောက်ခံနေစရာ ဘာအကြောင်းမှ မရှိတော့ပါဘူး။ တိုင်းဖျက် ပြည်ဖျက် ပါတီဆိုတာ ဒီလိုပါတီအဖွဲ့အစည်းမျိုးကို ပြောတာပါ။


ကိုကျော်ကြီး (မြောက်ဒဂုံ)

အမုန်းမခံချင်လို့ အေးအေးဆေးဆေး နေတာပါဗျာ။ ကိုဗစ်-၁၉ တတိယလှိုင်း အများပြည်သူ အတိဒုက္ခရောက်နေတဲ့အချိန်မှာ ပိုပြီး ဒုက္ခရောက်အောင် NLD တွေ လှုံ့ဆော်နေကတည်းက ဆင်ခြင်တုံတရား ကင်းမဲ့လွန်းပါလားဆိုတာ ကျွန်တော်တို့က သိသွားပြီ။ ဒီမိုကရေစီအရ ကိုယ့်အခွင့်အရေးအရ ကိုယ်ယုံကြည်တဲ့ အလုပ်ကို လုပ်လေ။ တပါးသူကို ထိခိုက်စော်ကားစရာ ဘာအကြောင်းမှ မရှိဘူး။ သူတို့တွေ ဆန္ဒတော့လည်း နစက ဥက္ကဋ္ဌ ကိုယ်တိုင်က ဒီမိုကရေစီအခွင့်အရေးပါတယ်ဆိုပြီး လွှတ်ထားခဲ့တာပဲ။ ဒီမိုကရေစီအခွင့်အရေးကို အလွဲသုံးစား လုပ်တာဟာ NLD ထောက်ခံသူတွေပဲ။

ဒီမိုကရေစီတော်လှန်ရေးလို့ ပြောပြီး တခြားပါတီအဖွဲ့အစည်းဝင်တွေ၊ သူတို့ပါတီကို မထောက်ခံတဲ့သူတွေ၊ လူတွေတင် မဟုတ်ဘူး။ သံဃာတော်တွေကိုပါ ပစ်မှတ်ထားလာတော့ မြန်မာ့သမိုင်းမှာ တကယ်ကို အရုပ်ဆိုးအကျည်းတန်တဲ့ ပါတီပဲလို့ သိလိုက်ပြီ။

သူတို့ကတော့ တစ်နေ့တစ်မျိုး မရိုးရအောင် လုပ်နေမှာပဲ။ ပြည်ပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ပြေးမီဒီယာတွေ ပူးပေါင်းပြီး လှုံ့ဆော်သမျှ အဟုတ်ထင်နေကြတာ သူတပါးကိုလည်း ဒုက္ခပေးတယ်။ အဲဒီလို ဒုက္ခပေးတဲ့ အကြောင်းကြောင့် သူတို့ကိုယ်တိုင်လည်း ဒုက္ခတွေ့ရမှာပါပဲ။


ဦးမြင့်မောင် (တောင်ဒဂုံ)

ကျွန်တော်က မပြောရင်လည်း မပြောဘူး။ ပြောရမယ်ဆိုရင်လည်း ပိဿလေးနဲ့ ဘေးပစ် ပြောလိုက်ချင်တယ်။ နားနဲ့ မနာ ဖဝါးနဲ့ နာကြပေရော့ဗျာ။ ယနေ့ ပြည်သူတွေ ကြုံတွေ့နေရသမျှ အခက်အခဲ အကြပ်အတည်းတွေဆိုတာ NLD ပါတီကြောင့် ဖြစ်နေတာ။ ထမင်းရည်ပူ လျှာလွှဲ ပေါက်ကရတွေ မပြောကြပါနဲ့။ တပ်မတော်က လိုက်လုပ်နေတာ မဟုတ်ဘူး။ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ၊ ၈၈ ပွင့်လင်းဆိုတဲ့ အဖွဲ့က နိုင်ငံရေးလုပ်စားကောင်တွေ လှုံ့ဆော်သမျှ အဟုတ်ထင်ပြီး ပြည်တွင်းမှာ ရှိနေကြတဲ့ နိုင်ငံရေးနွားလေးတွေက အဖျက်အမှောင့် လုပ်ငန်းတွေ လိုက်လုပ်နေလို့ ပြည်သူတွေ အခက်အခဲ အကြပ်အတည်းတွေ ကြုံနေရတာ မဟုတ်ဘူးလား။ ကုန်ဈေးနှုန်းတွေ တက်လာတာလည်း ငွေကြေးနဲ့ ပတ်သက်လို့ သူတို့ပဲ မဟုတ်မမှန် သတင်းတွေ ဖန်တီးဖြန့်ဝေခဲ့ကြတယ်။ ဗဟိုဘဏ်က ငွေစက္ကူတွေ သိမ်းတော့မှာဆိုတဲ့ မမှန်သတင်း ရေးသားဖြန့်ဝေမှုတွေပေါ့ဗျာ။ ဒီခွေးသူတောင်းစားတွေပဲ လုပ်တာ။ မနေ့ကပဲကြည့် ၂သောင်းတန်၊ ၅သောင်းတန်တွေ ထုတ်တော့မယ်ဆိုပြီး ပေါက်ကရ သတင်းတွေ ဖြန့်နေတယ်။ ဗဟိုဘဏ်က မဟုတ်မှန်ကြောင်း ထုတ်ပြန်ထားတာ တွေ့ရတယ်။

ဆိုတော့ဗျာ ပြည်သူတွေ အခက်အခဲ အကြပ်အတည်းတွေ့အောင် ဖန်တီးတာ တခြားသူတွေ မဟုတ်ဘူး။ NLD သိုင်းအဝိုင်းက လူတွေပဲ။ သူတို့ လုပ်သမျှ ပြဿနာတွေကို ပြည်သူက ခါးစည်းခံနေရတာ။ နစက ကိုလည်း တိုက်တွန်းချင်ပါတယ်ဗျာ။ NLD အကြမ်းဖက်တွေကို အမြန်ဆုံးနှိမ်နင်း။ မဟုတ်ရင် ပြည်သူတွေ ပိုပြီး အတိဒုက္ခရောက်ကုန်လိမ့်မယ်။ အခုဟာက သွားလာလှုပ်ရှား ရတာတောင် နောက်ကျောမလုံဘူး။ NLD အကြမ်းဖက်သမားက ဘယ်သူဘယ်ဝါ ခွဲခြားနေတာ မဟုတ်ဘူး။ ဘယ်သူသေသေ ဆိုပြီး လုပ်ခဲ့တာလေဗျာ။ NLD အကြမ်းဖက်သမားတွေမှာက ပြည်ပ အထောက်အပံ့တွေ ရှိတယ်ဗျ။ တခြား ပြည်သူတွေကို ဘယ်သူကမှ ထောက်ပံ့နေတာမဟုတ်ဘူး။ နစက သိဖို့၊ နစက နားလည်ဖို့။ 


ကိုဝေလင်း (အင်းစိန်)

ကျွန်တော်တို့ မြို့နယ်ထဲက NLD အမာခံတချို့တော့ အခုထိ တိမ်းရှောင်နေကြတုန်းပဲ။ PDF အဖွဲ့ထဲပဲ ဝင်သွားကြတာလား။ ဘယ်နေရာကနေ သွားပြီး လှုံ့ဆော်နေကြသလဲ။ အကြမ်းဖက်မှုတွေ လုပ်နေကြသလဲ မပြောတတ်ဘူး။ ၈၈ အရေးအခင်းကြီးကိုလည်း ကြုံဖူးပါတယ်။ ရွှေဝါရောင်အရေးခင်းကြီးကိုလည်း ကြုံဖူးပါတယ်။

အခု NLD တွေဖန်တီးတဲ့ အရေးအခင်းမျိုးက တစ်သက်မှာ တစ်ခါကြုံရ ရင်နာစရာ ကောင်းလွန်းလို့ပါ။ ဒီမိုကရေစီလို့ အော်ပြီး မြင်မြင်ကရာ ရဟန်းရော၊ လူရော မချန် လိုက်သတ်တဲ့ အရေးအခင်းမျိုး ဒီတစ်ခါပဲ ကြုံပါရစေ။ နောက်နောင်လည်း မကြုံပါရစေနဲ့။ ကိုယ့်သားသမီးတွေ လက်ထက်မှာလည်း ဒီလိုမျိုး နိုင်ငံရေးအစွန်းရောက် တိုင်းတပါးလက်ပါးစေတွေ မပေါ်ပေါက်ပါစေနဲ့လို့ ဆုတောင်းပါတယ်ဗျာ။

ဘယ်ပါတီဝင်ကမှ သူ့ပါတီကို မထောက်ခံရကောင်းလားလို့ လိုက်ပြီးသတ်နေတာမျိုးမရှိဘူး။ NLD ပါတီ တစ်ပါတီတည်းကပဲ လုပ်နေတယ်။ သံဃာတော်တွေကိုပါ လုပ်ကြံသတ်ဖြတ်သည်အထိ လုပ်တာတော့ လွန်လွန်းတာပေါ့ဗျာ။ ဘာသာခြားတွေက ငွေပေး၊ လက်နက်ပေးပြီး ခိုင်းစေတာကို အရူးချီးပန်း လိုက်လုပ်နေကြသလား။ သံဃာတော်တွေ သတ်ဖြတ်ခံရတဲ့ ဓာတ်ပုံတွေ မြင်ရတိုင်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရပါတယ်။

နိုင်ငံတော်ကို တာဝန်ယူထားတဲ့ တပ်မတော်တွေအနေနဲ့ NLD တွေကို လုပ်ချင်ရာ လုပ်ခွင့်ပေးထားမှာလား။ အခြားသော တည်ငြိမ်အေးချမ်းမှုလိုလားတဲ့ ရဟန်းရှင်လူ ပြည်သူတွေရဲ့ မျက်နှာကို မကြည့်တော့ဘူးလား။ ဒါပဲ ပြောချင်ပါတယ်။


ကိုအောင်မင်း (ဗဟန်း)

တိုင်းပြည်နဲ့ လူမျိုး အကျိုးကို ကြည့်တဲ့ ဘယ်နိုင်ငံရေးသမားကမှ ကိုယ့်တိုင်းရင်းသား ပြည်သူအချင်းချင်း သတ်ဖြတ်ဖို့ မလှုံ့ဆော်ဘူး။ NLDပါတီနဲ့ ၈၈ပွင့်လင်းက နိုင်ငံရေးလုပ်စားသူတွေက USDP ပါတီဝင်တွေကို လိုက်လံ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်လာကတည်းက အယုတ္တမာနိုင်ငံရေးသမားတွေရဲ့ သရုပ်က ပေါ်လွင်နေပြီ။ တပ်မတော် ထောက်ခံတဲ့ သံဃာတော်တွေ ပြည်သူတွေကို လိုက်လံ လုပ်ကြံသတ်ဖြတ်တာတွေ ထပ်ပြီး လုပ်လာတော့ ပြောစရာ စကားလုံး မရှိတော့ဘူး။

တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဖန်တီးနေတာက သူတို့တွေလေဗျာ။ သူတို့လုပ်တဲ့ ဆန္ဒပြပွဲတွေ၊ ကမ်ပိန်းတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ ပြည်သူတွေအတွက် ဘာတွေ ကောင်းကျိုးရတာ ရှိသလဲ။ NLD ပါတီနဲ့ ၈၈ပွင့်လင်းက နိုင်ငံရေးလုပ်စားသူတွေ လုပ်တဲ့ အလုပ်တွေမှာ ပြည်သူတွေအတွက် ကောင်းကျိုးဖြစ်စေမယ့် ကိစ္စတစ်ခု ပါရင် ကျုပ်ကို ပြောပြ။

အများပြည်သူအတိဒုက္ခရောက်စေမယ့် အလုပ်တွေချည်းပဲ လုပ်ခဲ့ကြတာပါ။ ဒီလို ပါတီအဖွဲ့အစည်းမျိုးကို ထောက်ခံတာဟာ လူ့ငနွားတွေပါပဲ။ လူ့ငနွားတွေရဲ့ လုပ်ရပ်ကြောင့် အပြစ်မဲ့ ပြည်သူတွေ အတိဒုက္ခရောက်နေကြရတာပါ။ ပြည်သူအများ ဆင်ခြင်တုံတရားနဲ့ ကိုယ့်တိုင်းပြည်ကို ပျက်စီးအောင် လုပ်နေသူတွေရဲ့ လုပ်ရပ်တွေကိုတော့ နား မှန်မှန်ကန်ကန် နားလည်ကြဖို့ လိုတယ်လို့ပဲ ပြောပါရစေ။


ဒေါ်အေးဝင်း (သင်္ဃန်းကျွန်း)

ကျွန်မတို့က ဈေးသည်တွေပါရှင်။ သူတို့တွေဟာ ဟိုနေ့ ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုရင် ကျွန်မတို့မှာ ဆိုင်တွေ ပိတ်ရပြန်ပြီ။ တပ်ကို ကြောက်လို့ ပိတ်ရတာ မဟုတ်ဘူး။ သူတို့ကို ကြောက်ရတာ။ သူတို့ ပြောသလို မလုပ်ရင် ဖောက်ခွဲမယ်၊ လုပ်ကြံသတ်ဖြတ်မယ်လေတော်။ တပ်မတော်က ကူညီတာက နောက်မှ သေစရာရှိရင် ကျုပ်တို့က အရင် သေရမှာလေ။ ဒီလိုနဲ့ပဲ NLD, PDF က သတ်လို့ သေခဲ့ရတဲ့ သံဃာတော်တွေ ပြည်သူတွေ ဘယ်နှယောက်တောင် ဖြစ်နေပြီလဲ။ ရေတွက်လို့တောင် မရတော့ဘူး။

NLD, PDF တော့ ကြောက်တယ်တော်။ သူတို့က လူမရွေးဘူး။ လူသတ်ပြီး ငွေရှာနေကြသလား မပြောတတ်ဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းဟာ အကောင်းဆုံးပဲ။ အဲဒီတော့ အန္တရာယ် ရှိနိုင်တဲ့ အခြေအနေမျိုးဆိုရင် ဝင်ငွေ ရခြင်း မရခြင်းထက် အသက်မသေဖို့က အဓိက။ အဲဒါကြောင့် ဒီနေ့ ဆိုင်ပိတ်ပြီး ဘယ်ကောင်တွေ ဘာတွေ လှုပ်ရှားမလဲ စောင့်ကြည့်နေရတာပါပဲ။

သူတို့ရဲ့ အကြမ်းဖက်ခေါင်းဆောင် ဂျင်မီ၊ ဖြိုးဇေယျာသော်တို့ အဖမ်းခံရတဲ့ သတင်းတွေ တွေ့ရတယ်လေ။ သူတို့ခေါင်းဆောင်တွေက ဖော်ကောင်လုပ်တော့ အဖမ်းခံရဖို့က များနေပြီထင်တယ်။ ဒါကြောင့် လမ်းပေါ်မထွက်ဘဲ အသံတိတ် သပိတ်လုပ်တယ် ထင်တာပါပဲ။ နောက်ထပ် ဘာတွေလုပ်အုံးမလဲ မသိပါဘူး။


ဒါကတော့ NLD ပါတီနဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက နိုင်ငံရေးလုပ်စားသူတွေရဲ့ တိုင်းဖျက်ပြည်ဖျက် လုပ်ရပ်တွေအပေါ် ပြည်သူတွေရဲ့ သဘောထားအမြင်ကို မှတ်တမ်းတင် မေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။


ဒီကနေ NLD, CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာတွေ အသံတိတ်သပိတ် လုပ်နေကြချိန်မှာ ရန်ကုန်မြို့ပေါ်မှာတော့ NLD, CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေကို ဆန့်ကျင် ကန့်ကွက်ပွဲတွေ ကျင်းပလျှက် ရှိပါတယ်။


Photo - WMO

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)