NLDပါတီက ဖွဲ့စည်းထားသော CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များမှ အကြမ်းဖက်သမားများ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း သတင်းမှန် ပြန်ကြားရေးအဖွဲ့ ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLDပါတီက ဖွဲ့စည်းထားသော CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များမှ အကြမ်းဖက်သမားများ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း သတင်းမှန် ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်




နေပြည်တော်၊ ဒီဇင်ဘာ ၁၄

NLD ပါတီက ဖွဲ့စည်းထားသော CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များမှ အကြမ်းဖက်သမားများ၏ လူမဆန်စွာ ရက်စက်ယုတ်မာခဲ့သော လုပ်ရပ်များနှင့် ပတ်သက်၍ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

NLD ပါတီက ဖွဲ့စည်းထားသော CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ လက်ဝေခံ PDF အကြမ်းဖက်သမားများက လက်နက်ကိုင်ဆောင်ထားခြင်းမရှိသော ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည်ကို ထောက်ရှု၍ ထုတ်ပြန်ထားသည်။

NLD ပါတီက ဖွဲ့စည်းထားသည့် CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ လက်ဝေခံ PDF အကြမ်းဖက်သမားများ၏ မိုင်းထောင်ခြင်း၊ ဗုံးခွဲဖျက်ဆီးခြင်းတို့ကြောင့် စာသင်ကျောင်း ၄၃၇ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဖေဖော်ဝါရီလ ၁ရက်နေ့မှ ယနေ့အထိ ပညာရေးဝန်ထမ်း ၁၄ဦး သေဆုံး၍ ၂၃ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့ပြင် ဆေးရုံ၊ ဆေးခန်း ၂၅ခု ဗုံးခွဲတိုက်ခိုက်ခံရ၍ ပျက်ဆီးခဲ့ရပြီး ကျန်းမာရေးဝန်ထမ်း ၄ဦး သေဆုံး၍ ၁၂ ဦးဒဏ်ရာရရှိခဲ့သည်။

သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြည်သူလူထု၏ ပညာရေးနှင့် ကျန်းမာရေးတာဝန်များအား လစ်ဟင်းမှုမရှိစေရေး နိုင်ငံ၏ တာဝန်များကို တာဝန်သိစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများကို မိမိထောက်ခံသည့် တစ်ပါတီကောင်းစားရေးအတွက် အကြမ်းဖက်တိုက်ခိုက် လုပ်ကြံသတ်ဖြတ်လျက်ရှိသော အကြမ်းဖက်သမားများကို နိုင်ငံေတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း၊ ဘာသာရေးဆိုင်ရာ ရဟန်းသံဃာများနှင့် နေရာများကို ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်ခြင်း အပါအဝင် အပြစ်မဲ့ တိုင်းရင်းသားပြည်သူများအား နည်မျိုးစုံဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကို မဖြစ်မနေ ရပ်တန့်သွားရန် အသိပေးကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေပါက ပြည်သူလူထု ပြည့်ဝစွာ ပူးပေါင်းပါဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် တည်ဆဲဥပဒေနှင့်နှင့်အညီ ပြင်းထန်ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သတင်းမှန် ပြန်ကြားရေး၏ ထုတ်ပြန်ချက်အပေါ် နိုင်ငံရေးလေ့လာသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာ "ထုတ်ပြန်ချက်ရဲ့ သဘောကတော့ မဆိုးပါဘူးပြောရမှာပေါ့ဗျာ။ ပြင်းထန်ထိရောက်စွာ အရေးယူဆောင်ရွက်သင့်နေတာ ကြာပါပြီ။ ပြည်သူတွေ အထင်လွဲမှားစရာ ဖြစ်လာတာက ရဟန်းရှင်လူ ပြည်သူတွေ အသတ်ခံနေရတာကိုတောင် နိုင်ငံတော် တာဝန်ရှိသူတွေက မိမိတို့ မျက်နှာကောင်းရရေးကို ရှေ့တန်းတင်ပြီး အကြမ်းဖက်နှိမ်နင်းရေးကို အလေးမထားဘူးဆိုတဲ့ အမြင်မျိုးတွေ ဖြစ်နေကြပါပြီ။ တပ်မတော်ဟာ Standard Army လို့ ပြောတယ်။ အောက်ခြေမှာ တာဝန်ထမ်းဆောင်ရင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးနေရတယ်။ အပြစ်မဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ ရဟန်းရှင်လူတွေ အသတ်ခံရပြီးမှ လိုက်ဖမ်းတာမျိုး၊ ဒါတောင်မှ မိတဲ့အမှုက နည်းပါတယ်။ လူတွေကလည်း စိတ်ချလို့ မရတော့ဘူးဖြစ်နေပြီ။ ထောက်လှမ်းရေးသုံး ပစ္စည်းတွေ ရှိတယ်ဗျာ။ ရှိမယ်လို့လည်း ယုံကြည်ပါတယ်။ မြန်မာတစ်နိုင်ငံလုံး ဘယ်နေရာမှာ ဘယ်သူ ဘယ်လို လှုပ်ရှားနေတယ်ဆိုတာကိုတောင် ကြည့်လို့ရတဲ့ ပစ္စည်းတွေ ရှိပါတယ်။ အသတ်ခံရပြီးမှ လိုက်ဖမ်းမယ့်အစား အသတ်မခံရခင်း စုံစမ်းထောက်လှမ်းပြီး ဖမ်းဆီးပေးမယ်ဆိုရင် ပိုမကောင်းဘူးလား။ ပြည်သူတွေလည်း အထိမနာတော့ဘူး။ တကယ် အလုပ် မလုပ်ဘူး။ တကယ် အလုပ် လုပ်နေတဲ့သူတွေက အဂတိမကင်းဘူး။ အကြမ်းဖက်သမားနဲ့ ပေါင်းစားတဲ့ အလုပ်မျိုးက မလုပ်သင့်ဘူး၊ မလုပ်အပ်ဘူး ဆိုတာကိုလည်း ရဲအရာရှိတွေကိုရော တပ်အရာရှိတွေကိုရော ပြောစေချင်ပါတယ်။" ဟု မှတ်ချက်ပြု ပြောဆိုသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)