မြန်အောင်မြို့နယ်နှင့် ဂွမြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုအား မလိုလားသည့် NLD, PDF အကြမ်းဖက်သမားများက စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်မြို့နယ်နှင့် ဂွမြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုအား မလိုလားသည့် NLD, PDF အကြမ်းဖက်သမားများက စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီး



နေပြည်တော်၊ ဒီဇင်ဘာ ၁၃

NLD, PDF အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အချို့နေရာများတွင် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် ကလေးသူငယ်များပညာသင်ကြားနေသည့် စာသင်ကျောင်းများ ကိုပါ လက်လုပ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၁၂ ရက် ည ၈ နာရီခွဲခန့်တွင် ဧရာဝတီတိုင်း ဒေသကြီး၊  မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံ ပညာအထက်တန်း ကျောင်းအား အကြမ်းဖက်သမားများက ဓာတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်မီးငြှိမ်း သတ်ခဲ့ရာ ၁၅ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါကျောင်း အစည်း အဝေးခန်းမဆောင်အတွင်းရှိ စတိတ်စင် ၁ ခု၊ သစ်သား စားပွဲ ၁၂ လုံး၊ သစ်သားကုလားထိုင် ၁၀ လုံးနှင့် ကော်ဇောလိပ် ၁ ခုတို့ မီးလောင်ပျက်စီးခဲ့ပြီး အခင်းဖြစ်နေရာ အနီးမှ ဓါတ်ဆီနံရဘူးခွံ ၂ ခုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရွာမရပ်ကွက်၊ မင်္ဂလာလမ်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းအား  အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ် ၂ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ကျောင်းရှိ သစ်သားကြမ်းခင်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များတွင် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခဲ့သည့် NLD, PDF အစွန်းရောက် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)