ပေါက်မြို့နယ်ရှိ ကလေးသူငယ်များ ပညာသင်ကြားလျက်ရှိသော စာသင်ကျောင်း တစ်ကျောင်းအား ဖောက်ခွဲဖျက်ဆီးမည့် NLD, PDF အကြမ်းဖက်သမား ၂ဦး မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်မြို့နယ်ရှိ ကလေးသူငယ်များ ပညာသင်ကြားလျက်ရှိသော စာသင်ကျောင်း တစ်ကျောင်းအား ဖောက်ခွဲဖျက်ဆီးမည့် NLD, PDF အကြမ်းဖက်သမား ၂ဦး မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်


နေပြည်တော်၊ ဒီဇင်ဘာ ၁၂

အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ သည် ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် ဆေးရုံ၊ စာသင်ကျောင်းများ၊ နိုင်ငံတော်ပိုင် အဆောက် အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများအား ဖောက်ဖွဲတိုက်ခိုက် ဖျက်ဆီးခြင်း၊ ရက်စက် ယုတ်မာစွာ အကြမ်းဖက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ အရွယ်မရောက်သေးသည့် ကလေးသူငယ်များကိုပါ အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်လာစေရန် သွေးထိုးမြှောက်ပင့်၍ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ရန် စေခိုင်းလျက်ရှိသည်။

ထိုသို့စေခိုင်းလျက်ရှိရာ ဒီဇင်ဘာလ ၁၁ ရက် ည ၇ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဆင်ဇာကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကလေးသူငယ်များ ပညာ သင်ကြားလျက်ရှိစဉ် အဖျက်အမှောင့်ဆောင်ရွက်ရန်အတွက် ကျောင်းရှေ့ခြံစည်းရိုးအုတ်တံတိုင်း အနီး၌ ခင်တန်းရှည်ကျေးရွာနေ ဝေဖြိုးဦး (၁၇)နှစ် (ဘ) ဦးမျိုးသက် နှင့် ကူးကားကျေးရွာနေ အောင်ဆန်းငြိမ်း(၁၆)နှစ် (ဘ) ဦးရဲမြင့် တို့ ၂ ဦးသည် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ က သွားရောက်စစ်ဆေးခဲ့ရာ ၎င်းတို့ ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အနီးမှ လက်လုပ်မိုင်း အပိုင်းအစများ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထိုသို့ စာသင်ကျောင်းအား ဖောက်ခွဲတိုက်ခိုက်ရန်အတွက် မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဝေဖြိုးဦးနှင့် အောင်ဆန်းငြိမ်းတို့ ၂ ဦးအား ဆေးဝါး ကုသမှုခံယူနိုင်ရေး ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် ၎င်းတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာမှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။

NLDပါတီနှင့် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ နိုင်ငံရေးလုပ်စားသူ တိုင်းတပါးသြဇာခံ သူခိုးကို ဓားရိုးကမ်း ပြည်ပြေး အကြမ်းဖက်ဝါဒီများ၏ လှုံ့ဆော်ခိုင်းစေမှုကြောင့် အကြမ်းဖက်လုပ်ငန်းများ လိုက်ပါလုပ်ဆောင်ရင်း ယခုကဲ့သို့ ပေါက်ကွဲ၍ သေဆုံးရသည့် ဖြစ်စဉ် ၁၀ကြိမ်ထက်မနည်း ဖြစ်ပေါ်ခဲ့သည်။

NLD ပါတီနှင့် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ နိုင်ငံရေးလုပ်စားသူတို့ နိုင်ငံရေးအမြတ်ထွက်စေမည့် လုပ်ရပ်များ လုပ်ဆောင်နိုင်ပါက လူမှုကွန်ရက်ပေါ်တွင် ဂုဏ်ယူပြတတ်ကြပြီး ယခုကဲ့သို့ ၎င်းတို့၏ ခိုင်းစေမှုကြောင့် အသေဆိုးဖြင့် သေဆုံးခဲ့ရသည့် အသုံးချခံ အကြမ်းဖက်သမားလေးများအတွက် ဝမ်းနည်းကြောင်းပင် မပြောဘဲ နှုတိတ်နေလေ့ရှိသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)