နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းကောင်း မိသားစုအား NLD, PDFအကြမ်းဖက်အဖွဲ့များက ရက်စက်စွာ သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းကောင်း မိသားစုအား NLD, PDFအကြမ်းဖက်အဖွဲ့များက ရက်စက်စွာ သတ်ဖြတ်




နေပြည်တော်၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မြို့စိုး(တောင်)ကျေးရွာနေ ၁၉၈၉ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်မှစတင်ကာ မြို့စိုးကျေးရွာအုပ်စုစာရေးအဖြစ် တာဝန်ထမ်း ဆောင်သူ ဒေါ်အေးအေးပြုံး အပါအဝင် မိသားစုဝင် ၃ ဦးအား ဒီဇင်ဘာလ ၆ ရက် နံနက် ၉ နာရီချိန်ခန့်တွင် NLD, PDF အကြမ်းဖက်အဖွဲ့များက  ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ထိုသို့သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အခြေခံ ပညာအလယ်တန်းကျောင်းခွဲ(ဘောတုံ) ကျောင်းအုပ်တာဝန်ထမ်းဆောင်သူ ဦးမင်းဇော် (ဘ)ဦးထွန်းစိန် အသက်(၅၂)နှစ်၊ ဇနီးဖြစ်သူ မြို့စိုးကျေးရွာအုပ်စုစာရေး ဒေါ်အေးအေးပြုံး(ဘ)ဦးရွှေလှိုင် အသက်(၅၄)နှစ်နှင့် သမီးဖြစ်သူ အခြေခံပညာ မူလ တန်းကျောင်း(မကျီးကုန်း)တွင် မူလတန်းပြတာဝန်ထမ်းဆောင်သူ ဒေါ်အေးသူဇာ (ဘ)ဦးမင်းဇော် အသက်(၂၇)နှစ်တို့အား ပဆစ်တုတ်အနေအထားဖြင့် လည်ဂုတ်များ ၌ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသည်။

ဖြစ်စဉ်အား အသေးစိတ်စစ်ဆေးခဲ့ရာ မိသားစုဝင် ၃ ဦးသည် နေအိမ်၌ အိပ်ပျော်နေစဉ် နံနက် ၄ နာရီခွဲခန့်တွင် အကြမ်းဖက်သူ ၃၀ ဦးခန့်က သေနတ်နှင့် ဓားများကိုင်ဆောင်၍ ရောက်ရှိလာပြီး CDM ပြုလုပ်ခြင်းမရှိသဖြင့် ဒလန်ဟု စွပ်စွဲကာ မိသားစုဝင် ၃ ဦးအား နေအိမ်ရှေ့၌ ဒူးထောက်ထိုင်ခိုင်း၍ ဓားဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖခင်၊ သမီး တို့မှာ ပညာရေးဝန်ထမ်းနှင့် မိခင်ဖြစ်သူမှာ ကျေးရွာအုပ်စုစာရေးများဖြစ်ပြီး Non CDM သမားများဖြစ်ကာ နိုင်ငံ့တာဝန်များအား အစိုးရအဆက်ဆက် ရိုးသားစွာ တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့သော်လည်း CDM မပါခြင်းကြောင့် “ ငါနှင့်မတူ ငါရန်သူ ”ဟု သတ်မှတ်၍ လူမဆန်စွာ ဒူးထောက် လျက် ရက်ရက်စက်စက် လည်ပင်းအား ဓားဖြင့် မသေမချင်းခုတ်ထစ် သတ်ဖြတ်ခဲ့ ကြောင်း သိရှိရသည်။

ထိုသို့ နိုင်ငံ့ဝန်ထမ်းကောင်း မိသားစုအပေါ် လူမဆန်စွာ သတ်ဖြတ်ခဲ့ခြင်း အပေါ် ဆွေမျိုးအသိုင်းအဝိုင်းကလည်း “ ကမ္ဘာကြေသော်လည်း ဉဒါန်းမကျေ” ကြောင်း ကြွေးကြော်လျက် လူသားစိတ်ကင်းမဲ့ပြီး ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား မြေလှန်ရှာဖွေကာ ဖမ်းဆီးဖော်ထုတ်နိုင်ရေး ကြိုးပမ်း လျက်ရှိကြောင်း၊ လူမဆန်သည့် အကြမ်းဖက်သမားများ၏ သတင်းရရှိပါကလည်း တိုင်တန်းသတင်းပေးပို့ရေး ဆွေမျိုးအသိုင်းအဝိုင်းများက ပတ်ဝန်းကျင်ရှိ ကျေးရွာ များသို့ အကူအညီတောင်းခံထားကြောင်း သိရှိရသည်။

နိုင်ငံ့တာဝန်များအား အစိုးရအဆက်ဆက် ရိုးသားစွာ တာဝန်ကျေပွန်ခဲ့ ကြသည့် နိုင်ငံ့ဝန်ထမ်းကောင်း မိသားစုများအား ယခုကဲ့သို့ ရက်စက်စွာ သတ်ဖြတ် ခဲ့ကြသည့် အကြမ်းဖက်အဖွဲ့များကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ပိတ်ဆို့စစ်ဆေးရှာဖွေလျက်ရှိကြောင်း၊ အကြမ်းဖက်သမားများ ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာမှု သတင်းများရရှိပါက  သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးပို့ တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့၊ ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)