တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာမှ လုံခြုံရေးတပ်ဖွဲ့များ ပြန်ရုပ်လာသည့်အတွက် PDF အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဦးစန္ဒိမာနှင့် PDF အဖွဲ့ဝင်များ ကျေးရွာအတွင်း ပြန်လည်ရောက်ရှိနေထိုင်လျက်ရှိကြောင်း သိရ - Myanmar National Post

Myanmar National Post

News Agency

Breaking

တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာမှ လုံခြုံရေးတပ်ဖွဲ့များ ပြန်ရုပ်လာသည့်အတွက် PDF အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဦးစန္ဒိမာနှင့် PDF အဖွဲ့ဝင်များ ကျေးရွာအတွင်း ပြန်လည်ရောက်ရှိနေထိုင်လျက်ရှိကြောင်း သိရ


တန့်ဆည်၊ ဒီဇင်ဘာ ၁၁

တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာတွင် NLD, PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း လုပ်ကြံသတ်ဖြတ်ခြင်းများ ကာလရှည်ကြာပြုလုပ်ခဲ့ကြပြီး အပြစ်မဲ့ရွာသား ၁၅ဦးအထိ NLD, PDF အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။

ထိုသို့ဖြစ်ပေါ်ခဲ့သည့်အခြေအနေကြောင့် တပ်မတော်လုံခြုံရေးတပ်ဖွဲ့များ ကာပေါင်းကျကျေးရွာတွင် တပ်စွဲနေခဲ့သည့် ကာလတွင် NLD, PDF အကြမ်းဖက်သမားများ တိမ်းရှောင်နေကြပြီး ယခု လုံခြုံရေးတပ်ဖွဲ့ဝင်များ တပ်ရုပ်လာသည့်အချိန်တွင် လူသတ်မှုများကို ဦးဆောင်ခဲ့သည့် ဦးစန္ဒိမာအပါအဝင် NLD, PDF အကြမ်းဖက်သမား ၄၀၀ ခန့် ကျေးရွာတွင်း ပြန်လည်ရောက်ရှိနေပြီး ကျေးရွာ ပတ်ပတ်လည်တွင် မိုင်းထောင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

NLD, PDF အကြမ်းဖက်သမားများ ထောင်ထားသည့်မိုင်းကို လည်းတစ်စင်းက နင်းမိပြီး မိုင်း ၂လုံး ပေါက်ကွဲကာ လူထိခိုက်ဒဏ်ရာရ၊ နွားသေဆုံးခဲ့ကြောင်း သိရသည်။ ရွာပတ်လည်တွင် မိုင်ထောင်းထားသည်ကို NLD, PDF ခေါင်းဆောင်များက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာတွင် ကိုကျော်မျိုးသက် အား ဦးစန္ဒိမာနှင့် အပေါင်းအပါများက ဘုန်းကြီးကျောင်းခေါ်၍ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပြီး ကိုမောင်ဟန်နှင့် ကိုဝင်းထိန်တို့ ၂ဦးကိုလည်း လုပ်ငန်းခွင်သို့ သွားသည့် လမ်းတွင် NLD, PDF အကြမ်းဖက်သမားများ လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ထို့နောက် အသက် ၇၃နှစ်အရွယ် အဖိုးအို ဦးစစ်ကြိုင်၊ အဖွားအို ဒေါ်စောကြည် နှင့် သားမတ်ဖြစ်သူ ကိုတင်ထွန်းနိုင်တို့ (၃)ဦးကိုလည်း ကာပေါင်းကျကျေးရွာမှ NLD, PDF အကြမ်းဖက်သမား ကျော်စွာထက်က ဦးဆောင်၍ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)