တန့်ဆည်မြို့နယ်၊ ဆည်းဆာကျေးရွာနှင့် ပုတီးကျေးရွာမှ ကျေးရွာရန်ပုံငွေများနှင့် ဘုရားရန်ပုံငွေများကို PDF အကြမ်းဖက်သမားများက လက်နက်ဝယ်ယူရန် စီစဉ်နေကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ဆည်မြို့နယ်၊ ဆည်းဆာကျေးရွာနှင့် ပုတီးကျေးရွာမှ ကျေးရွာရန်ပုံငွေများနှင့် ဘုရားရန်ပုံငွေများကို PDF အကြမ်းဖက်သမားများက လက်နက်ဝယ်ယူရန် စီစဉ်နေကြောင်း သိရ


တန့်ဆည်၊ ဒီဇင်ဘာ ၁၃

NLD, PDF အကြမ်းဖက်သမားများ ဆိုးသွမ်းနေသည့် နယ်မြေဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်အတွင်းမှ ဆည်းဆာကျေးရွာနှင့် ပုတီးကျေးရွာမှ ကျေးရွာရန်ပုံငွေ၊ ဘုရားရန်ပုံငွေများကို NLD, PDF အကြမ်းဖက်သမားများက လက်နက်ဝယ်ယူရန် စီစဉ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကျေးရွာမှ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် ၎င်းတို့ကဲ့သို့ ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခြင်းမရှိသော အပြစ်မဲ့ ပြည်သူများကို ရန်ပြုစော်ကား သတ်ဖြတ်မှုများ အလွန်အမင်းကျူးလွန်ခဲ့သည့် နေရာများ ဖြစ်သည်။ ယခုအခါ NLD, PDF အကြမ်းဖက်သမားများက ကျေးရွာရန်ပုံငွေများ၊ ဘုရားရန်ပုံငွေများကို အသုံးပြု၍ ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ရန် လက်နက်ဝယ်ယူမည့်အပေါ် ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်သည်။

အလားတူ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာတွင် မိမိတို့ ကျေးရွာသားအချင်းချင်း ၁၅ဦးထက်မနည်း သတ်ဖြတ်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့် NLD, PDF အကြမ်းဖက်သမားများ တပ်မတော်လုံခြုံရေးတပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းသွားသည့်နောက် ကျေးရွာအတွင်း ပြန်လည်ဝင်ရောက် နေထိုင်လျက်ရှိပြီး ကျေးရွာပတ်ပတ်လည်တွင် မိုင်ထောင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ မိုင်းထောင်ထားခြင်းကြောင့် နွားလှည်းတစ်စီး မိုင်းနင်းမိရာမှ နွားသေဆုံးပြီး လူထိခိုက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့နယ်အတွင်း NLD, PDF အကြမ်းဖက်သမားများက လက်နက်များကိုင်ဆောင်၍ ၎င်းတို့၏ လွတ်မြောက်နယ်မြေသဖွယ် သွားလာလှုပ်ရှားနေကြသဖြင့် ပြည်သူများ စိုးရိမ်နေကြခြင်းဖြစ်သည်။

ဒေသခံတစ်ဦးက "ကျုပ်တို့ ဒီနယ်မှာ ဖြစ်နေတဲ့ NLD, PDF အစွန်းရောက် အကြမ်းဖက်တွေနဲ့ ပတ်သက်လို့ တပ်ကို အမြဲသတင်းပေးပါတယ်။ တပ်က လျှော့တွက်ပြီး ယုံကြည်မှုတည်ဆောက်ယူရမှာတို့ ဘာတို့ ပေါက်ကရတွေ ပြောတယ်။ အရင်က တူမီးလောက်ပဲ ရှိတဲ့ PDF က အခု လက်ထဲမှာ Auto Gun တွေ ကိုင်ထားကြပြီ။ အပ်နဲ့ထွင်းရမယ့် အလုပ်ကို ပုဆိန်နဲ့ ပေါက်ရအောင် လုပ်နေကြတာပဲ။ ပြည်သူတွေမှာ တစ်နေ့မှ စိတ်အေးချမ်းသာ မနေရဘူး။" ဟု ပြောသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)