ဟိုပန်၌ အသက် (၁၂)နှစ်အထက်ကျောင်းသား/သူများအား စတုတ္ထအသုတ် ( ပထမအကြိမ်)ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ဆက်လက် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်၌ အသက် (၁၂)နှစ်အထက်ကျောင်းသား/သူများအား စတုတ္ထအသုတ် ( ပထမအကြိမ်)ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ဆက်လက် ထိုးနှံပေး

 


ဟိုပန်၊ ဒီဇင်ဘာ  ၃                    

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင်  အသက်(၁၂) နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား စတုတ္ထအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac)ကို ယမန်နေ့က အထကကျောင်း(ဟိုပန်) နှင့် အထက(ခွဲ)(ရွှေဝါ) ကျောင်းများရှိ စုရပ်နေရာ(၂)နေရာ၌ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ် ငန်း ကော်မတီအဖွဲ့ဝင်များ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်  မီးသတ်တပ်ဖွဲ့ ဝင်များ၊ လူမှုရေးပရဟိတအဖွဲ့များ၊ ဆရာ/ဆရာမများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က  ဆေးထိုးနှံ သည့် ကျောင်းသား/သူများကို  ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက် အလက်များ ကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်းစသည့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac)ထိုးနှံခွင့်ရှိသူ အသက် (၁၂)နှစ်အထက် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ ဉီးရေ(၁၀၄၆)ဦး ရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - ဇင်ဇင်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)