ပင်လောင်းမြို့နယ်အတွင်း အသက်၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac(Corona Vac) ဆေး ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်အတွင်း အသက်၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac(Corona Vac) ဆေး ထိုးနှံပေးလျက်ရှိ

 


ပင်လောင်း၊ ဒီဇင်ဘာ    ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်အထက် အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac(Corona Vac) ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ပထမအကြိမ်ဆေးထိုးနှံသူများနှင့် ဒုတိယအကြိမ်ပြည့် ဆေးထိုးနှံသူများအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်း အသက် ၁၂ နှစ်အထက် အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရန်အတွက်  သတ်မှတ်ပေးထားသည့် ကာကွယ်ဆေးထိုးနှံမည့် ပညာရေးစုံ နေရာစုရပ်များအလိုက် ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိရာ ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသည့် ကျောင်းသား/ ကျောင်းသူများနှင့် ပထမတစ်ကြိမ်သာ ထိုးနှံပြီး ကျောင်းသား/ကျောင်းသူကို နှစ်ကြိမ်ပြည့် ထိုးနှံနိုင်ရန် သတ်မှတ်ထားသည့် ဆေးထိုးရမည့်ရက်၊ နေရာများတွင် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးနှံပြီး ကျောင်းသား/ကျောင်းသူ (၂၆၃၂) ဦး၊ ကာကွယ်ဆေး ပထမတစ်ကြိမ်သာ ထိုးနှံပြီး ကျောင်းသား/ကျောင်းသူ (၈၁၉၁)ဦး ရှိပြီကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

သတင်း - ခွန်အာကာစိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)