မြန်မာ့ပင်လယ်ပြင်အတွင်း သောင်တင်နေသော ငါးဖမ်းရေယာဉ်တစ်စီးအား တပ်မတော်(ရေ)မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့ပင်လယ်ပြင်အတွင်း သောင်တင်နေသော ငါးဖမ်းရေယာဉ်တစ်စီးအား တပ်မတော်(ရေ)မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်



MNP ၊ ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနောက်ဘက် ၈ မိုင်ခန့်အကွာ မြန်မာ့ ပင်လယ်ပြင်အတွင်း၌ ယနေ့နံနက် ၉ နာရီခန့်တွင် မိုးကောင်း(၉) အမည်ရှိ ငါးဖမ်း ဝါးလက်လှေသည် စက်ချို့ယွင်းမှုဖြစ်ပေါ်ပြီး ရာသီဥတု ဆိုးရွားမှုကြောင့် ရေမျော၍ ကျောက်တန်းပေါ်သို့ တင်နေကြောင်း သိရှိရသည်။

ထိုသို့ ဖြစ်ပေါ်နေကြောင်းသိရှိရသဖြင့် တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များက စစ်ရေယာဉ်များဖြင့် အဆိုပါနေရာသို့ သွားရောက်၍ ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး လှေပေါ်ပါ လှေသား ၁၈ ဦးအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)