တမူးမြို့ မြို့မစည်ပင်သာယာစျေးနှင့် ပြည်သူ့ဆေးရုံတွင်ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိအခမဲ့ စစ်ဆေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တမူးမြို့ မြို့မစည်ပင်သာယာစျေးနှင့် ပြည်သူ့ဆေးရုံတွင်ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိအခမဲ့ စစ်ဆေးပေး

MNP - ဇန်နဝါရီ    ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုများ လျော့နည်းပပျောက်စေရန် ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်း ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့မစည်ပင်သာယာဈေးရှိ ဈေးခေါင်းရုံးနှင့်ပြည်သူ့ဆေးရုံတို့တွင် အခမဲ့စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ရာ တွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့မဈေးအတွင်းရှိ ဈေးရောင်း/ ဈေးဝယ် ပြည်သူများ၊သံသရှိပြည်သူများ စုစုပေါင်း (၁၆၂)ဦးတို့အား (RDT Test kit) ဖြင့်စစ်ဆေးပေးခဲ့ရာ ပြည်သူ(၄၀)ဦးထံတွင် ကိုဗစ်-၁၉ရောဂါ ရောဂါပိုး တွေ့ရှိခဲ့ပြီး ရောဂါပိုး တွေ့ရှိသူများအား ပြည်သူ့ဆေးရုံတွင် သီးခြားစောင့်ကြည့်၍ ကုသလျက်ရှိကြောင်း သိရသည်။

မိုဘိုင်းစနစ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ ၊မရှိ အခမဲ့စစ်ဆေးခြင်းလုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသိန်းနိုင်ဦးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးလှမြင့်နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့အစည်းများမှ ကူညီဆောင်ရွက်ပေးခဲ့ပြီး မိုဘိုင်းစနစ်ဖြင့် ကိုဗစ်ရောဂါပိုးစစ်ဆေးခြင်းများကို ဆက်လက် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

သတင်း - ကျော်ကြီး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)