ဂွမြို့၌ မြို့နယ်ဌာနဆိုင်ရာ မိသားစုများနှင့် ပြည်သူများက ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေးနှင့် ဌာနဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့၌ မြို့နယ်ဌာနဆိုင်ရာ မိသားစုများနှင့် ပြည်သူများက ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေးနှင့် ဌာနဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

 


MNP - ဇန်နဝါရီ    ၃၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများမှ ပူးပေါင်း၍ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးနှင့် ဌာနဆိုင်ရာ ပုံမှန်အပါတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဇာနည်ကျော် ကမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ အသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များနှင့် ပြည်သူ လူထုများမှ ပူးပေါင်း၍ ရဟန်းသံဃာ၊ သာမဏေအပါး (၇၀)ကျော်အား မြို့လုံးကျွတ်ဆွမ်းဆန် စိမ်းလောင်းလှူနိုင်ရေးအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေးအတွက် သတ်မှတ်နေရာများ စီမံဆောင်ရွက်ထားသည့် အခြေအနေများ၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ ပြည်သူလူထုများ ပူးပေါင်းပါဝင် လောင်းလှူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိရန် ပြောကြားခဲ့သည်။  

အဆိုပါ အစည်းအဝေးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်(၉)နာရီတွင် သိမ်ကုန်းစေတီတော် ပရဝုဏ်အတွင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆွမ်းဆန်စိမ်းလောင်းလှူ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်သံဃနာယကအဖွဲ့ ရွေးချယ်ဆောင်ရွက်ရေးကိစ္စ၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် မြို့နယ်အဆင့် ဌာနပေါင်းစုံချစ်ကြည်ရေး (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပပြုလုပ်ရေး ကိစ္စရပ်များအား ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)