MNP ၊ ဇန်နဝါရီ ၂၇
သထုံခရိုင်၊ ဘီးလင်းမြို့နယ် အ-ထ-က (ကန်သာယာ)ကျောင်း၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးဦးဝင်းသူ က ပြိုင်ပွဲများကျင်းပပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကိုကျင်းပပြုလုပ်ခဲ့ရာ ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၇)ဦးနှင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများကို ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက ဆုများချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကိုလည်း နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment