လိပ်သိုမြို့လမ်းဦးစီးဌာနမှ သံကူကွန်ကရစ် တံတားသစ်များ တည်ဆောက်ပြီးစီးပြီဖြစ်၍ ယခင်ကထက်သွားလာမှု အဆင်ပြေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့လမ်းဦးစီးဌာနမှ သံကူကွန်ကရစ် တံတားသစ်များ တည်ဆောက်ပြီးစီးပြီဖြစ်၍ ယခင်ကထက်သွားလာမှု အဆင်ပြေလျက်ရှိ

 


MNP - ဇန်နဝါရီ     ၂၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ လမ်းဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့ သော တောင်ငူ-(ကျောက်တိုင်)-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုန်း ပြည်ထောင်စုလမ်း (NH-21)(ကရင်ပြည်နယ်)လမ်းပိုင်း ပေါ်ရှိသံကူကွန်ကရစ် တံတားငယ် (၇)စင်း၊ Box Culvert (၇)ခု တည် ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားခဲ့ပြီဖြစ်၍ ခရီးသည်နှင့် မော်တော်ယာဉ် များ ဖြတ်သန်းသွားလာလျက်ရှိရာ ယခင်ကထက် သွားလာမှု ပိုမိုမြန်ဆန် အဆင်ပြေလျက် ရှိကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

အထက်ပါ တံတား(၇)စင်းမှာ အရှည်(၃၀)ပေနှင့် အောက်သံဘေလီတံတားဟောင်းများ ဖြစ်ပြီး တံတားတည်ဆောက်ထားရှိ အသုံးပြုမှုမှာ နှစ်ကာလကြာမြင့်ခဲ့ပြီဖြစ် ၍ ပြည်သူများ ဘေးအန္တရာယ်ကင်းစွာ သွားလာနိုင်ရန် အရှည်ပေ (၃၀)၊ အကျယ် ၂၄ ပေရှိ သံကူ ကွန်ကရစ်တံတား အသစ်များဖြင့် အစားထိုးတည်ဆောက်ပေးခဲ့ကြောင်း နှင့်ရေစီးရေလာ ကောင်းမွန်ရန် Box Culvert (၇)ခုပါထည့်သွင်း တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။

တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် လိပ်သိုမြို့ လမ်းဦးစီးဌာနမှ မြို့အင်ဂျင်နီယာ(မြို့ပြ) ဒေါ်နုနုထွေး၏ ဦးဆောင်မှု၊ အငယ်တန်း အင်ဂျင်နီယာ-၃(မြို့ပြ) စောမိုးထက်ထက်ကျော်၏ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် တည် ဆောက်ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)