ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပေါက်တောမြို့နယ်အတွင်းရှိ ရဟန်း၊သာမဏေများအား စားအုန်းဆီဆက်ကပ် လှူဒါန်းပြီး တိုက်ပွဲရှောင်ပြည်သူများအား စားအုန်းဆီထောက်ပံ့ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပေါက်တောမြို့နယ်အတွင်းရှိ ရဟန်း၊သာမဏေများအား စားအုန်းဆီဆက်ကပ် လှူဒါန်းပြီး တိုက်ပွဲရှောင်ပြည်သူများအား စားအုန်းဆီထောက်ပံ့ပေး

 


MNP - ဇန်နဝါရီ   ၂၉

ရခိုင်ပြည်နယ် အစိုးရအစီအစဉ်ဖြင့် ပေါက်တောမြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များအား စားအုန်းဆီဆက်ကပ် လှူဒါန်းခြင်းကို ပေါက်တောမြို့ ဘဝမ်းဘုန်းတော်ကြီး ကျောင်း၌ ယနေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ ပေါက်တောမြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်နှင့် မြို့နယ်သံဃာ့ နာယကအဖွဲ့ဝင်များနှင့် ပင့်ဖိတ်ထားသည့် သံဃာတော်များအား ပေါက်တောမြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များက ပေါက်တောမြို့နယ်အတွင်းရှိ ရဟန်း ၊သာမဏေ ၊သီလရှင် အပါး(၈၃၉)ပါးအတွက်  စားအုန်းဆီ  (၂၅၁)ပိဿာ(၇၀)ကျပ်သားကို ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက်ပေါက်တောမြို့နယ်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၈)စုအတွက် အိမ်ထောင်စုတစ်စုလျင် စားအုန်ဆီ (၁)ပိဿာနှုန်းဖြင့် (၃၈)ပိဿာတို့ကို ထောက်ပံ့ပေးကြသည်။

ပေါက်တောမြို့နယ်အတွင်းရှိရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ၊တိုက်ပွဲရှောင်ပြည်သူများအတွက် စားအုန်ဆီ(၂၈၉)ပိဿာ (၇၀)ကျပ်သားထောက်ပံ့လှူဒါန်းပေးခဲ့ကြကြောင်းသိရှိရသည်။

သတင်း - ကျော်သန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)