MNP ၊ ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယ လူဝင်မှုကြီးကြပ်ရေးမှူးနှင့် ၀န်ထမ်းများက ယမန်နေ့နံနက်(၉) နာရီအချိန်တွင် ပန်းခင်းစီမံချက်ဖြင့် တလိုင်းယာကျေးရွာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရေဖြူမြို့နယ်ရုံးမှ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်စိုးစိုးထွေးနှင့် ၀န်ထမ်းများက ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအတွင်း နေထိုင်လျက် ရှိသည့် ကျေးလက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားကို အသက် (၁၀) နှစ်ပြည့်(၃၅) ဦး၊ အသက်(၁၈)နှစ်ပြည့် (၁၄)ဦး၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်ပေးခြင်း(၁)ဦး၊ မိတ္တူ (၆) ဦးတို့အား ဆောင်ရွက်ပေးခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း (၅၆)ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့မှ စတင်ကာ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
သတင်း - ခတ်တာ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment