မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိုနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိုနှိုင်းဆွေးနွေး

MNP - ဇန်နဝါရီ     ၂၇

ဧရာဝတီတိုင်းဒေသကြီး၊  မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေး နယ်မြေအတွင်း ဖွင့်လှစ် ရောင်းချလျှက်ရှိသည့် စီးပွားရေး လုပ်ငန်းရှင်များ‌တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါလုပ်ငန်းညှိနှိုင်း‌ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လာမည့်  ဖေဖော်ဝါရီ  ၁ ရက်နေ့တွင် အသံတိတ်သပိတ် ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊  အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်း  မပြုလုပ်ရန် တားမြစ်မိန့်ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိမှုနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင် ဗိုလ်မှူးမင်းထက်မှူးက မိမိတို့မြို့နယ်အတွင်း၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိမှုနှင့် လှည့်လည်အသိပေး ကြေငြာဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ဌာနအလိုက် ဝန်ထမ်းများအား ထပ်ဆင့်အသိပေး ရှင်းလင်းခြင်းတို့ကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကလည်း လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - အောင်အောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)