တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁ /၂၀၂၂)သို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁ /၂၀၂၂)သို့တက်ရောက်





MNP ၊ ဇန်နဝါရီ  ၂၇

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂) အစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကိုက ရင်းနှီးမြှပ်နှံမှုလုပ်ငန်းဆောင်ရွက်ချက်များကို တက်ရောက်လာသူများ အနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဌာန၏ လုပ်ငန်းများကိုလည်း ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Dawei Development Public Co., Ltd. က ကွင်းအမှတ် (၁၆၉- A) ၊ မောင်းမကန် (A)ကွင်း၊ ဦးပိုင် အမှတ်(၂+၃+၅+၁၈-၁၉+၅/၁၁၆၀) မောင်းမကန်ကျေးရွာ၊ လောင်းလုံးမြို့နယ်၊ ထားဝယ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြေဧရိယာ (၆၀.၄၈) ဧကတွင် ဟိုတယ်နှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းအား လုပ်ငန်းတည်နေရာ တိုးချဲ့ခြင်းနှင့်ရင်းနှီးမြှုပ်နှံမှု ပမာဏတိုးမြှင့်ခွင့် ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရာခိုင်နှုန်း ပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Petro & Trans Co., Ltd. က ကန်ဘောက် ကျေးရွာ၊ ရေဖြူမြို့နယ်၊ ထားဝယ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် မြေဧက ၆.၄ ဧကပေါ်တွင် ဆောင်ရွက်မည့်သဘာဝ ဓါတ်ငွေ့သုံး အင်ဂျင်စက်များဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းအား တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် စပ်လျဉ်း ၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံ မှုဖြင့် Petro &Trans Co., Ltd. က ကွင်းအမှတ် (၂၄၂-က) ၊ ဦးပိုင်အမှတ်(၂) ကလွင်ကျေးရွာအုပ်စု၊ ရေပုန်းကွင်း၊ မြိတ်မြို့နယ်၊ မြိတ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြေဧက ၄.၈၅ ပေါ်တွင် ဆောင်ရွက်မည့် Heavy Fuel Oil (AFO) သုံး အင်ဂျင်စက်များဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား တည်ဆောက်ရေးကာလတိုးမြှင့်ခွင့်ပြုပါရန် တင်ပြ လာခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)