MNP ၊ ဇန်နဝါရီ ၂၇
အကြမ်းဖက်အဖွဲ့အစည်းများနှင့် တရားမဝင် အဖွဲ့အစည်းများဖြစ်သော CRPH၊ NUG များ က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သပိတ်မျိုးစုံပြုလုပ်မှာဖြစ်သောကြောင့်အများပြည်သူများအနေဖြင့် လိုက်ပါဆောင်ရွက်ခြင်းမပြုနိုင်ရေးရည်ရွယ်၍ယနေ့ နံနက်ပိုင်း က ထားဝယ်မြို့ရှိအိမ်ရှေ့ပြင်ဂိတ်၊ဗျောတောဝဂိတ်နှင့်ပေါက်တိုင်းဂိတ်များတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ က ထုတ်ပြန်ထားသောသတင်းထုတ်ပြန်ချက်ပါလက်ကမ်းစာစောင်များကိုခရီးသွားလာ အများပြည်သူအားဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ထားဝယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ဌာနဆိုင်ရာတာဝန်ရှိသူများ က ခရီသွားလာပြည်သူများအား သတင်းထုတ်ပြန် ချက်ပါလက်ကမ်းစာစောင်များအားဖြန့်ဝေပေးပြီး အကြမ်းဖက်အဖွဲ့အစည်းများမှ သပိတ်မျိုးစုံတွင် မပါဝင်နိုင်ရေးအသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရသည်။
အဆိုပါလက်ကမ်းစောင်တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို၏ လက်အောက်ခံ အဖွဲအစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲအစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်ပြည်သူလူထုကိုအကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ် လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိ နားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှု ဖြင့်ဖြစ်စေ၊ တစ်နည်းနည်း ဖြင့်ဖြစ်စေ အများပြည်သူ အနှောင့် အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့် မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျင်အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့်တည်ဆဲ ဥပဒေများ အရ အရေးယူခံရနိုင်ပါသည်။
ထို့ပြင်ပြစ်မှုနှင့်ပတ်သက်၍ ရွေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုစီရင်ခြင်း ခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းစည်းခံရနိုင်သဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ၎င်းတို့လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒ ဖြန့်မှုများအပေါ် လိုက်ပါဆောင်ရွက်ခြင်းပြုကြရန်နှင့် ပြုလုပ်ပါ က ဥပဒေအရ အရေးယူခံရနိုင်ကြောင်း စသည့် တို့ပါဝင် ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment