လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မုဒုံမြို့နယ်အတွင်း ပျက်စီးဆုံးရှုံးသွားသော သီးနှံပင်၊ နှစ်ရှည်ပင်များ အတွက် လျော်ကြေးငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မုဒုံမြို့နယ်အတွင်း ပျက်စီးဆုံးရှုံးသွားသော သီးနှံပင်၊ နှစ်ရှည်ပင်များ အတွက် လျော်ကြေးငွေပေးအပ်

 


MNP - ဇန်နဝါရီ    ၂၆

မော်လမြိုင်၊ သံဖြူဇရပ်  ၆၆ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ခြင်းကြောင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သီးနှံပင်/ နှစ်ရှည်ပင်များအတွက် မုဒုံမြို့နယ်အတွင်းရှိ တောင်သူ တစ်ဦးချင်းစီသို့ လျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်မ၌ ပြုလုပ်သည်။

ရှေးဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန ဓာတ်အားပို့လွှတ်ရေး (တောင်ပိုင်း) စီမံကိန်းမန်နေဂျာရုံး(၂)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးက ၂၀၁၅-၂၀၁၈ ခုနှစ်စီမံကိန်းအတွင်း တည်ဆောက်ခဲ့သည့် ၆၆ ကေဗွီ မော်လမြိုင် - သံဖြူဇရပ် ဓာတ်အား လိုင်းကြီးကို နိုင်ငံတော်အနေဖြင့် ဒေသခံပြည်သူများ အကျိုးကျေးဇူးကြီးစွာဖြစ်ထွန်းစေရန် ရည်ရွယ်၍ တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီမှ  ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစပြီး လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါဓာတ်အား လိုင်းတည်ဆောက်ခြင်းကြောင့် တောင်သူများ နစ်နာဆုံးရှုံးခဲ့သည့် သီးနှံပင်/နှစ်ရှည်ပင်များနှင့် ပတ်သက်၍ ယခုလိုတာဝန်ယူ ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မုဒုံမြို့နယ်အတွင်းရှိ လျော်ကြေးငွေရရှိသူ တောင်သူ(၃၂)ဦးအား မုဒုံမြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက စုစုပေါင်း လျော်ကြေးငွေ (၂၅၆၆၀၈၄၀)ကျပ်အား အသီးသီးပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် တောင်သူများ၏ ကိုယ်စားတောင်သူတစ်ဦးမှ ကျေးဇူးတင် စကားပြန်လည် ပြောကြားကြောင်း သိရသည်။

သတင်း - အောင်မျိုးသူ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)