ပိုင်ကျုံမြို့တွင် လူဦးရေ(၁၁၅၉၅)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့တွင် လူဦးရေ(၁၁၅၉၅)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီး



MNP - ဇန်နဝါရီ    ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန်ရည်ရွယ်၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ပိုင်ကျုံမြို့အတွင်းရှိ ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှစတင်ခဲ့ရာ ယနေ့တွင် သတ္တမ အသုတ်အထိ အကြိမ်ပြည့် ထိုးနှံပြီးစီးခဲ့ပြီးဖြစ်သည်။

ကာကွယ်ဆေးထိုးနှံရာတွင် သံဃာတော်များ၊ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာ ကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို  ဦးစားပေးအစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ပထမအသုတ် ၇၂၉ ဦး၊ ဒုတိယအသုတ် ၃၇၀၅ဦး  တတိယအသုတ် ၂၆၈၀ ဦး၊ စတုတ္ထအသုတ်တွင် ၂၀၀၅ ဦး၊ ပဉ္စမအသုတ်တွင် ၁၃၂၅ ဦး၊ ဆဌမအသုတ်တွင် ၅၈၁ဦးနှင့် သတ္တမအသုတ်တွင် ၅၇၀ ဦးဖြစ်ပြီး စုစုပေါင်း လူဦးရေ (၁၁၅၉၅)ဦး ထိုးနှံပေးနိုင်ခဲ့ပြီး၊ အသုတ်အားဖြင့် သတ္တမအသုတ်ထိ အကြိမ်ပြည့်ထိုးနှံပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် ဒေသခံပြည်သူများ၊ ရပ်ဝေးရွာဝေးမှပြည်သူများ၊ သွားလာရန်ခက်ခဲသော ကျေးရွာများမှ မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကွင်းဆင်း၍လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။

သတင်း - စောဂျိုးဇက်ဂျူး 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)