လှိုင်းဘွဲမြို့တွင် လူမှုကွန်ရက်များပေါ်မှပျံ့နှံ့နေသော လှုံ့ဆော်မှုများအား အများပြည်သူပါဝင်မှု မရှိစေရေး သတင်းထုတ်ပြန်ချက်များအား အသိပေးခြင်းနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့တွင် လူမှုကွန်ရက်များပေါ်မှပျံ့နှံ့နေသော လှုံ့ဆော်မှုများအား အများပြည်သူပါဝင်မှု မရှိစေရေး သတင်းထုတ်ပြန်ချက်များအား အသိပေးခြင်းနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေ

 



MNP - ဇန်နဝါရီ    ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေသည့်  နိုင်ငံတော်တည်ငြိမ်းအေးချမ်းရေးကို ပျက်ပြားစေမည့် လှုံ့ဆော်မှုများအား အများပြည်သူပါဝင်မှု မရှိစေရေးအတွက် သတင်းထုတ်ပြန်ချက်များအား အသိပေးခြင်းနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူများက လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုလုပ်ကြပါရန်နှင့်ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ချက်၊ နိုင်ငံတော် တည်ငြိမ်းအေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍  Silent Strike(အသံတိတ်သပိတ်)ပြုလုပ်ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည်ဖြင့် အသံထွက်သပိတ် ပြုလုပ်ရန် လှုံ့ဆော်မှုများ လူမှုကွန်ရက်များ၌ ပျံ့နှံ့နေမှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် အများပြည်သူများ သိရှိစေရန် သတင်းထုတ်ပြန်ချက်၊  အရေးယူဆောင်ရွက်မည့်ဥပဒေ၊ ရာဇသတ်ကြီးပုဒ်များ၊ ပြည်သူ လူထု၏ ဆန္ဒကို တရားဥပဒေနှင့်အညီ ဖြည့်ဆည်းပါ၊ တရားဥပဒေသည် မျက်နှာမလိုက်၊ ဥပဒေကို မသိနားမလည်ဟု ဆိုရုံမျှဖြင့် ဥပဒေက သင့်အား ခွင့်လွှတ်လိမ့်မည် မဟုတ်၊ ဥပဒေဘောင်အတွင်း နေထိုင်ကြသော ပြည်သူလူထုကို လေးစားချစ်ခင်ပါ စသည့်အကြောင်းအရာများ ပါဝင်သော လက်ကမ်းစာစောင်များကို နေအိမ်အလိုက် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

သတင်း - စောဒိ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)