(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် လမ်းဘေး/ဝဲယာ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် လမ်းဘေး/ဝဲယာ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 







MNP ၊ ဇန်နဝါရီ ၂၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့်မြို့သန့်ရှင်းသာယာလှပရေးအတွက်ဦဥတ္တမခန်းမရှေ့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့လမ်းဘေး/ဝဲယာ၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦး ဆောင်၍ ယနေ့၊ နံနက် ၈ နာရီခွဲအချိန်ကစုပေါင်း ဆောင်ရွက်ခဲ့သည်။

   

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်း၍ဦးဥတ္တမခန်းမရှေ့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့လမ်းဘေး/ဝဲယာ ၌အမှိုက်များရှင်းလင်းခြင်း၊ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းကို စုပေါင်းဆောင်ရွက်၍မြို့နယ်စည်ပင်သာယာရေးအမှိုက်သိမ်းယာဉ်ဖြင့် အမှိုတ်များသိမ်းဆည်းကာ စနစ်တကျစွန့်ပစ်ခဲ့ကြသည်။

       

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်ကျော်အောင်၊မြို့နယ်စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးခင်မောင်ဇံ၊မြို့နယ်မီးသတ်ဦးစီးအရာရှိဦးထွန်းဝင်းနိုင်နှင့်ဌာနဆိုင်ရာအကြီးအကဲများကကြီးကြပ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။


 ဘူးသီးတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများစုပေါင်းသန့်ရှင်း ရေးလုပ်ငန်းကိုအပါတ်စဉ် စနေနေ့တိုင်းမပျက်မကွက် စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်း - လှကျော် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)