ပင်လုံမြို့ဝမ့်အဲန် ဘုန်းကြီးကျောင်းသို့ ဆွမ်းဆန် ၊ဆီ ၊ဆား ၊ ကုလားပဲ ၊ ကြက်ဥ ၊ ကြက်သွန်နီများ ‌​ထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လုံမြို့ဝမ့်အဲန် ဘုန်းကြီးကျောင်းသို့ ဆွမ်းဆန် ၊ဆီ ၊ဆား ၊ ကုလားပဲ ၊ ကြက်ဥ ၊ ကြက်သွန်နီများ ‌​ထောက်ပံ့လှူဒါန်း

 


MNP - ဇန်နဝါရီ    ၂၉

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လွိုင်လင်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးစီးအရာရှိ ဦးရန်အောင် ကျော်မျိုးနှင့် တာဝန်ရှိသူများသည် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ရှိ ဝမ့်အဲန် ဘုန်းကြီး ကျောင်းသို့ ယနေ့နံနက်ပိုင်းက ဆွမ်းဆန်တော် ၊ ဆီ ၊ ဆား ၊ ကုလားပဲ ၊ ကြ့က်ဥ ၊ ကြက်သွန်နီများကို  ကျောင်းထိုင်ဆရာတော် အရှင်ရာဇိန္ဒထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်အတွင်းရှိ ဘုန်းကြီးကျောင်းများ ၊ စာသင်တိုက်များတွင် ရဟန်းရှင်များ ၊ သာမဏေများ ၊ သီလရှင် များအတွက် ဆွမ်းအခက်အခဲမရှိစေရန် ‌ရည်ရွယ်၍ လှူဒါန်းထောက်ပံ့ရခြင်းဖြစ်ကြောင်း ၊ထို့အတူ မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ အားဖြည့် အစားအစာများကိုလည်း အချို့သော ကိုဗစ်-၁၉  စင်တာများတွင်လည်း ဆက်လက်၍ ကူညီထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  လွိုင်လင်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သတင်း - လွိုင်လင်မိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)