နောင်ချိုမြို့ပေါ် “ကျော်ဇောလင်း”ရွှေဆိုင်အား အမျိုးသား ၅ ဦးက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများလုယက်ယူဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့ပေါ် “ကျော်ဇောလင်း”ရွှေဆိုင်အား အမျိုးသား ၅ ဦးက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများလုယက်ယူဆောင်


နေပြည်တော်၊ ဇန်နဝါရီ ၂၆    

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ “ကျော်ဇောလင်း”ရွှေဆိုင်အား အမျိုးသား ၅ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများလုယက်ယူဆောင်မှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာ၊ အမှတ်(၄)ရပ်ကွက်၊ မန္တလေး-မူဆယ်ကား လမ်းဘေးရှိ အဆိုပါရပ်ကွက်နေ ဦးကျော်ဇော်လင်း(ခ)ဇော်လင်းဦး(၄၈)နှစ် (ဘ)ဦးတင်သန်း ပိုင်ဆိုင်သော “ကျော်ဇောလင်း”ရွှေဆိုင်၌ အရောင်းဝန်ထမ်း ဒေါ်စုစု(၄၄)နှစ် (ဘ)ဦးလှထူးနှင့် မခြူးစံ (စိစစ်ဆဲ)တို့ သည် ဆိုင်ကောင်တာတွင်ရှိနေပြီး ကျန်ဝန်ထမ်း ၄ ဦးမှာ ဆိုင်ရှိ ထမင်းစားခန်းအတွင်း ထမင်းစားလျက်ရှိနေစဉ် ဆိုင်ရှေ့သို့ WISH အမျိုးအစားမော်တော်ယာဉ် ၁ စီးဖြင့် Mask အမဲရောင်တပ်ဆင်ထားသော အမျိုးသား ၅ ဦး ရောက်ရှိလာပြီး အမျိုးသား ၁ ဦးမှာ ၎င်း ယာဉ်ပေါ်တွင် အသင့်စောင့်နေကြောင်း၊ ကျန်အမျိုးသား ၄ ဦးတို့မှာ ပစ္စတိုသေနတ် ၁ လက်နှင့် တုတ်/ဓားများကိုင်ဆောင်၍ ဆိုင်အတွင်းသို့ ဝင်ရောက်လာပြီး သေနတ်ဖြင့် ချောက်လှန့်ပစ်ခတ်ကာ ဆိုင်ကောင်တာတွင်ရှိနေသူ အရောင်းဝန်ထမ်း ဒေါ်စုစုနှင့် မခြူးစံတို့ ၂ ဦးအား ထိုင်ခိုင်းပြီး ရွှေကောင်တာအတွင်းရှိ ရွှေဆွဲကြိုး ၂၂၁ ကုံး၊ အလေးချိန် ၁၅၁ ကျပ် ၄ ပဲ၊ ရွေလက်ကောက် ၅၉ ကွင်း၊ အလေးချိန် ၂၂ ကျပ် ၈ ပဲ၊ ရွှေဆွဲသီး ၁၄၅ ခု၊ အလေးချိန် ၃၁ ကျပ် ၈ ပဲ၊ ရွှေဟန်းချိန်း ၁၆ ခု၊ အလေးချိန် ၁၆ ကျပ် ၄ ပဲ၊ ရွှေဆံကုတ် ၁ ခု၊ အလေးချိန် ၃ ပဲ၊  စုစုပေါင်းရွှေထည်ပစ္စည်းမျိုးစုံ (အလေးချိန် ၂ ပိဿာ ၂၁ ကျပ်သား၊ တန်ဖိုးငွေကျပ် ၃၇၆,၀၂၀,၀၀၀ ခန့်)ကို ကျောပိုးအိတ်အတွင်း ထည့်၍ လုယက်ယူဆောင်ကာ နောင်ချိုမြို့ဘက်သို့ မော်တော်ယာဉ်ဖြင့်  မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။   

ထိုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေဆိုင်ရှိ ရွှေထည်ပစ္စည်းများအား လုယက် ယူဆောင်သွားခဲ့သည့် အမျိုးသား ၅ ဦးအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်ပိတ်ဆို့စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)