မဘိမ်းမြို့၌ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဘိမ်းမြို့၌ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP - ဇန်နဝါရီ    ၂၉     

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ ဆွမ်း ဆန်စိမ်းလောင်းလှူပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းက မဘိမ်းမြို့ မြို့မပရိယတ္တိစာ သင်တိုက်၌ ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် များမှ ပင့်သံဃာအပါး ၃ဝ အား ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပနိုင် ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်လောင်းလှူနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိ ကြရန်၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပနိုင်ရေးအတွက် မြို့မကျောင်းတိုက်အတွင်း ကြိုတင်ပြင် ဆင်မှုများ ပူးပေါင်းဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာနအလိုက် လောင်းလှူကြ မည့် လှူဖွယ်ပစ္စည်းများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြရန်နှင့် ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းပါဝင်လောင်းလှူကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဗိုလ်မှူးရဲထွဋ်လင်း၊ ဦးကျော်သက်နိုင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညိမ်းသူအောင်တို့က ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးများကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နေရာခင်းကျင်းထားရှိမှုအခြေအနေများနှင့် ဆရာတော်သံဃာတော်များ လျှောက် ထားပင့်ဆောင်မည့် အခြေအနေများအား ဆွေးနွေးပြောကြားကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပူးပေါင်းပါဝင်ဆောင်ရွက် မည့် အခြေအနေများနှင့် လိုအပ်ချက်များအား တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်

သတင်း - မျိုးမင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)