ခင်ဦးမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား (ပထမအကြိမ်) ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခင်ဦးမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား (ပထမအကြိမ်) ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်


MNP ၊ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် (ပထမအကြိမ်) ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းကို ဖေဖော်ဝါရီလ ၂ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် ပတ်သက်၍ လေလံတင်ရောင်းချမည့် အစီအစဉ်မှာ BOT စနစ်ဖြင့် ဆောင်ရွက်သည့် လိုင်စင်များမှအပ သားသတ်လိုင်စင်များအား ခေါင်းခွန်ကောက်စနစ်၊ ကူတို့လိုင်စင်၊ ယာဉ်ရပ်နားခကောက်လိုင်စင်၊ ဈေးကောက်လိုင်စင်၊ အများသုံးအိမ်သာလိုင်စင်၊ ကျွဲနွားပွဲဈေးလိုင်စင်နှင့် အခြားအခွင့်အရေး လိုင်စင်များအား ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် (ဧပြီလမှ မတ်လထိ) တစ်နှစ် ဈေးပြိုင်စနစ်ဖြင့်လေလံတင် ရောင်းချဆောင်ရွက်သွားမည် ဖြစ်ပြီး သတ်မှတ်ထားသည့် လိုင်စင်စည်ကမ်းများအား လိုက်နာပြီး လေလံကြေး အပြေအကြေပေးသွင်သည့် လိုင်စင်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချသွားမည် ဖြစ်ကြောင်း မြို့နယ်အမှုဆောင်အရာရှိ ဦးထွန်းမင်းသန့် ၏ပြောကြားချက်အရ သိရသည်။


သတင်း - စိုးဝေအောင်(ခင်ဦး)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)