တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ပြေးခုန်ပစ်ပြိုင်ပွဲ တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီး ပြေးခုန်ပစ်အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ပြေးခုန်ပစ်ပြိုင်ပွဲ တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီး ပြေးခုန်ပစ်အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက်

 


MNP - ဇန်နဝါရီ    ၂၉

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသမီးပထမဒိုင်းဆု၊ အမျိုးသား ပထမဒိုင်းဆုနှင့်စုပေါင်းတံခွန်စိုက်ဒိုင်းဆု ဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီး ပြေးခုန်ပစ်အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲ  ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အောင်ပွဲရအားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီး ဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင် က အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည့်အခြေအနေအား ရှင်းလင်း တင်ပြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခြင်းသည် မိမိတိုင်း၊ မိမိဒေသ၏ ဂုဏ်အဆင့်အတန်းကို မြင့်မားတိုးတက်စေသော ကြောင့် တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယခုလိုထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးသည် ပြေးခုန်ပစ်အားကစားနည်းတွင် မြန်မာ့လက်ရွေးစင်အားကစားသမားများ မွေးထုတ်ပေးနိုင်သော  အစဉ်အလာရှိသည့် တိုင်းတစ်ခုဖြစ်ကြောင်း၊  တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ဗဟိုအဆင့်      တိုင်းဒေသကြီးနှင့် ပြည်နယ် ပြေးခုန်ပစ်ပြိုင်များတွင် ဆုရရှိမှုအခြေအနေသည်  ၂၀၂၂ ခုနှစ်တွင် ကျင်းပသော ပြိုင်ပွဲတွင် ရွှေ(၂၅)၊ ငွေ(၈)၊ ကြေး(၄)ခု နှင့် အမျိုးသမီးပထမဒိုင်းဆု၊ အမျိုးသား ပထမဒိုင်းဆု၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုများကို ဆွတ်ခူးရရှိသည့် အတွက် တိုင်းဒေသကြီးအနေဖြင့် အမျိုးသမီးချန်ပီယံ တံခွန်စိုက်ဆု(၄)ကြိမ် ဆက်တိုက် စုပေါင်းတံခွန်စိုက်ဒိုင်းဆု ကို (၃)ကြိမ် ဆွတ်ခူးနိုင်ခြင်းသည် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲသမိုင်းတွင် သမိုင်းသစ်ရေးထိုးထားနိုင်ပြီးဖြစ် ကြောင်း၊ တိုင်းဒေသကြီး ပြေးခုန်ပစ်အဖွဲ့အနေဖြင့် ရရှိပြီးသော အောင်မြင်မှုများကို အနာဂတ်သို့တိုင်အောင် ထိန်းသိမ်း သယ်ဆောင်သွားနိုင်ရန်အတွက် မ‌လျှော့သောဇွဲ၊ လုံ့လဝီရိယ၊ အားမာန်၊ စိတ်ဓာတ်များဖြင့် ဆက်လက်ကြိုးပမ်း အားထုတ်သွားကြရန်လိုကြောင်း၊ တရားသောနည်းဖြင့် ကြိုးပမ်းယှဉ်ပြိုင်လျှင် နိုင်ရမည်ဆိုသည့် ဆောင်ပုဒ်များကို လက်ကိုင်ထားပြီး တိုင်းဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက ရရှိလာသောဆုဖလားများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထံအပ်နှံပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီး ပြေးခုန်ပစ်အဖွဲ့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ က   ဂုဏ်ပြုဆုငွေကျပ်(၁၈၂)သိန်း ချီးမြှင့်ပြီး ပြေးခုန်ပစ်ဆပ်ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းမင်းလတ်က ဂုဏ်ပြုဆုငွေကျပ် (၁၀)သိန်းချီးမြှင့်ကာ တိုင်းဒေသကြီးပြေးခုန်ပစ်အသင်း အုပ်ချုပ်သူ ဒေါ်စုစုဝေ က ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ ကြောင်းသတင်းရရှိသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)