မိုင်းရှူးမြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (Mini Budget) ပထမ (၃) လပတ်အတွင်း လုပ်ငန်း (၄)ခု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရှူးမြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (Mini Budget) ပထမ (၃) လပတ်အတွင်း လုပ်ငန်း (၄)ခု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

 


MNP - ဇန်နဝါရီ    ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် စည်ပင်သာယာရေးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (Mini Budget) တွင် ပြည်နယ်ငွေလုံးငွေ ရင်းရန်ပုံငွေဖြင့် ပထမ(၃) လပတ်အတွင်း လမ်းကွန်ကရစ်ခင်းခြင်း၊ Pipe Culvert ပြုလုပ် ခြင်း၊ Slab Culvert တိုးချဲ့ခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာလုပ်ငန်း အားလုံးဆောင်ရွက်ပြီး စီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ်ဘဏ္ဍာ ခွင့်ပြုရန်ပုံငွေဖြင့် ရပ်ကွက်(၄)ခန်းမ ကွန်ကရစ်ခင်းခြင်းကို (၉.၈) သန်း၊ ဗန္ဓုလမ်းနှင့် စဝ်ရွှေသိုက်လမ်းတို့တွင် Pipe Culvert ပြုလုပ်ခြင်းကို (၁.၀) သန်း၊ မင်းကြီးဦးစလမ်း Slab Culvert တိုးချဲ့ခြင်းကို (၁.၅) သန်း၊ စဝ်ရွှေသိုက်လမ်း (ဆေးရုံလမ်း) တွင် ရေနုတ်မြောင်းတူးဖော်ခြင်းကို (၀.၁၉၉)သန်းတို့ဖြင့် လုပ် ငန်းများ ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၃) လပတ်တွင် စိတ္တသုခဘုန်းကြီးကျောင်း လမ်းကျောက်ချောခင်းခြင်းကို (၉.၄၁)သန်း၊ ပတ္တမြားကွက်သစ်လမ်းသွယ် Box Culvert ပြုလုပ်ခြင်းကို (၂.၅၃) သန်းတို့ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အမှုဆောင်အရာရှိ ဦးဉာဏ်ထွန်းထံမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)