MNP ၊ ဇန်နဝါရီ ၂၇
မဲလိမ်မဲခိုး မဲမသမာမှုများကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရသော NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူများ ဦးဆောင်သည့် အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများလူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် သပိတ်စုံလှုပ်ရှားမှုများ ပြန်လည်လှုံ့ဆော်လာသည်ဖြစ်ရာ ထပ်ဆင့်လှုံ့ဆော်သူများကို ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း “KO News- ကော့ကရိတ် ပွင့်လင်း သတင်းစဉ်” Facebook Page၊ ရန်ကုန်တိုင်းဒေသကြီးမြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ အမှတ် B1/05 Y တွင် ဖွင့်လှစ်ထားသည့် FAMILY HOUSE ဒုတ်ထိုးဟော့ပေါ့ ဆိုင်ပိုင်ရှင် မပြည့်ဖြိုးဝေ (၃၄)နှစ်သည် ၎င်းအသုံးပြုသည့် "Family House- Stick pot” အမည် Facebook Page၊ တောင်ဥက္ကလာပမြို့ နယ်၊ (၁၄/၃)ရပ်ကွက်ချယ်ရီဥယျာဉ်အိမ်ရာ၊ အိမ်အမှတ် (၄၅/၂)နေ ဇော်မျိုးထွဋ် (၃၆)နှစ်သည် ၎င်းအသုံးပြုသည့် “Zaw Myo Htut” Facebookအကောင့်၊ စမ်းချောင်းမြို့ နယ်မုန့်လုပ်ဆောင်း(တောင်)ရပ်ကွက်၊ အမှတ်(၈၀/B) မြေညီထပ်တွင် ဖွင့်လှစ် ထားသည့် “Gucci Aung" မိတ်ကပ် အလှပြင်ဆိုင်ပိုင်ရှင် Gucci Aung(ခ) အောင်ကိုလင်း (၄၁)နှစ် သည် ၎င်းအသုံးပြုသည့် “Gucci Aung" Facebook အကောင့်၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်မေတ္တာလမ်း၊ ပဒေသာဈေးတွင် ဖွင့်လှစ်ထားသည့် Kha Kha (ခခ)ကော်ပြန့်ပေါင်း ဆိုင်ပိုင်ရှင် မသဲနုခိုင် (၃၂)နှစ်သည် ၎င်းအသုံးပြုသည့် “ မမ သဲနု” Facebook အကောင့်မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရား အနောက်ဘက်မုဒ်တွင် ဗေဒင်ဟောခန်းဖွင့်လှစ် ထားသည့် ခိုင်ဦး(ခ) သာထက်ဆန်း (၃၆)နှစ်သည် ၎င်းအသုံးပြုသည့် “သာထက်ဆန်း" Facebook အကောင့်၊ ဒဂုံမြို့ သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၆၇)ရပ်ကွက်ချင်းတွင်း(၃)လမ်းအမှတ်(၆/၆၃)နေ မမြင့်မြင့်စိုး (၂၈)နှစ်သည် ၎င်းအသုံးပြုသည့် “စားမှာဘဲ ချဉ် ငံ စပ်” Facebook Page၊ တာမွေမြို့နယ် “Hello Mobile" ဖုန်းပြုပြင်ရေးဆိုင်ပိုင်ရှင်ဖြစ်သူ ဖြိုးမြင့်ဇော် (၃၆)နှစ်သည် ၎င်းအသုံးပြုသည့် Phyo Myint Zaw" Facebook အကောင့်မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ သူရိန်လမ်းကြား၌ ဖွင့်လှစ်ထားသည့် “SIP Café Club” ဆိုင်ပိုင်ရှင် မဝင်းဝင်းထွန်း၏ အစ်ကိုဖြစ်သူ ဝေလင်းထွန်း (၃၅)နှစ်သည် “SIP Café Club” Facebook Page၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်နေ သူချစ်အောင်(ခ) ချစ်ညို (၂၉)နှစ်သည် ၎င်းအသုံးပြုသည့် “Thu Chit Aung” Facebook အကောင့်၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက်နေ အောင်ကျော်ဇော(ခ) ကောင်းစံ (၂၅)နှစ်နှင့် ၎င်း၏ညီဖြစ်သူ ကျော်ညီညီသက် (ခ) ဖိုးညီ (၂၃)နှစ်တို့ ၂ ဦးသည် ၎င်းတို့ဖွင့်လှစ်ထားသည့် “Royal Boots Sneaker" Facebook Page နှင့် ပြင်ဦးလွင်မြို့ နယ်သုံးတောင်ကျေးရွာနေ နိုင်လင်းစိုးသည် ၎င်းအသုံးပြုသည့် “Naing Lin Soe" Facebook အကောင့်တိုဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင် ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ထားကြောင်း ထုတ်ပြန်ထားသည်။
မဲလိမ်မဲခိုး မဲသမာမှုများကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရသော NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူများ အာဏာလက်မဲ့ ဖြစ်ခဲ့ရပြီးနောက် ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများဖြင့် အများပြည်သူတို့၏ လူနေမှုဘဝ တည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် လုပ်ဆောင်ခဲ့ကြပြီး NLD အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ ၁၈၀၀ ကျော် သေဆုံးခဲ့ရပြီး တစ်နှစ်အကြာတွင် ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်ရန် ပြန်လည်လှုံ့ဆော်လာကြခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment