ရေဖြူမြို့တွင် NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် အကြမ်းဖက်အဖွဲ့များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပါဝင်ပတ်သက်ခြင်း မရှိစေရန် ပြည်သူသို့ အသိပေးကြေညာချက် စာစောင် ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေဖြူမြို့တွင် NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် အကြမ်းဖက်အဖွဲ့များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပါဝင်ပတ်သက်ခြင်း မရှိစေရန် ပြည်သူသို့ အသိပေးကြေညာချက် စာစောင် ဖြန့်ဝေ








MNP ၊ ဇန်နဝါရီ   ၂၇

NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အတွင်းရှိပြည်သူများ အနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူ ခံရနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်းမရှိစေရန် ပြည်သူသို့ အသိပေးကြေညာချက် စာစောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက ရေဖြူမြို့ မြို့မဈေးနှင့် ဈေးဆိုင်များ၊ လူစည်ကားရာနေရာများနှင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။


အဆိုပါအသိပေးကြေညာချက်စာစောင်တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် CRPH ၊ NUG နှင့် ယင်းတို၏ လက်အောက်ခံ အဖွဲအစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲအစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည် ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက် တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့ ၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိ နားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ၍ဖြစ်စေ လိုက်ပါ လုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ၊ တစ်နည်းနည်း ဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့် မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့်တည်ဆဲ ဥပဒေ များအရ အရေးယူ ခံရနိုင် ပါသည်။


ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင် သော ပစ္စည်းများကို အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရ နိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်း ခံရနိုင် သဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒ ဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း စသည့်အကြောင်းအရာ များပါဝင်သည်။


ထို့သို့ ပြည်သူသို့ အသိပေးကြေညာချက် စာစောင်ဖြန့်ဝေခြင်းကို ရေဖြူမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဆန်းထွန်းဦးဆောင်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထင်ကိုကို နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။


သတင်း - ခတ်တာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)