MNP ၊ ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဇန်နဝါရီလ ၂၅ရက်နေ့ သတင်းထုတ်ပြန်ချက်အား သရက်ချောင်းမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာနေပြည်သူများ သိရှိလိုက်နာနိုင်စေရေးပြည်သူများသို့ အသိပေးကြေညာခြင်းနှင့် အသိပညာပေးဗီနိုင်းများချိတ်ဆွဲခြင်းကို ဇန်နဝါရီလ ၂၆ရက်နေ့ မွန်းလွဲ ၁:၁၅နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပေးကြေညာခြင်းနှင့် အသိပညာပေးဗီနိုင်း ချိတ်ဆွဲခြင်းကို သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ သရက်ချောင်းမြို့၊ ဆင်ဖြူပြင်ရပ်ကွက်၊ ပန်းတောရပ်ကွက်၊ မြို့မရပ်ကွက်၊ ကျောက်မြောင်းရပ်ကွက်၊ မော်ရှည်ကုန်းရပ်ကွက်၊ ဂုန်ညှင်းဆိပ်ကျေးရွာ၊ သရက်နှစ်ခွကျေးရွာများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ပြည်သူများသို့အသိပေးကြေညာချက်များဖြစ်သော NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူ CRPH, NUG နှင့် ယင်းတို့လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြား စေရန်နှင့်ပြည်သူလူထုအားကြောက်ရွံ့ထိတ်လန့်မှုစေရန် ရည်ရွယ်ပြီး Silence Strike (အသံတိတ်သပိတ်) ပြုလုပ်ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည်ဖြင့် အသံထွက်သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများလူမှုကွန်ရက်များ၌ ပြန့်နှံ့နေသည်ကို တွေ့ရှိရကြောင်း၊ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူများ ဖွဲ့စည်းထားသည့် CRPHယ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကိုလူမှုကွန်ရက်များမှတဆင့် နည်းမျိုးစုံဖြင့် လှုံ့ဆော်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေလိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တနည်းနည်းဖြင့်ဖြစ်စေ၊ အများပြည်သူအနှောက်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့် မျှဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊
အီလက်ထရွန်းနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများ အရအရေးယူခံရနိုင်ကြောင်း၊ ထို့အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါကနိုင်ငံဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရမည်ဖြစ်ကြောင်း အသိပညာပေး ပိုစတာများကို အများပြည်သူ တွေ့မြင်နိုင်သည့် နေရာများတွင် လိုက်လံ စိုက်ထူခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတိပေးတားမြစ်ချက်ကို အများပြည်သူသိရှိနိုင်စေရန် သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အသိပညာပေး ဆောင်ရွက်မှုများကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
သတင်း - နန်းခလိုက်(သရခ)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment