ခမောက်ကြီးမြို့တွင် နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်များ အများပြည်သူ သိရှိလိုက်နာစေရေး အသိပေး အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခမောက်ကြီးမြို့တွင် နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်များ အများပြည်သူ သိရှိလိုက်နာစေရေး အသိပေး အစည်းအဝေးပြုလုပ်

 


MNP - ဇန်နဝါရီ    ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဇန်နဝါရီလ (၂၅) ရက်နေ့ သတင်းထုတ်ပြန်ချက်များအား အများပြည်သူ သိရှိလိုက်နာ နိုင်စေရေး အသိပေးအစည်း အဝေးတစ်ရပ်ကို ယနေ့နံနက် ၁၁ နာရီခွဲခန့်က ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

ထို အစည်းအဝေး၌  ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးခိုင်ကိုဦးမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဇန်နဝါရီလ (၂၅) ရက်နေ့ သတင်းထုတ်ပြန်ချက်ပါ အကြောင်းအရာများအား မြို့သူမြို့သားအနေဖြင့် Online မှ လှုံ့ဆော်မှုများအား လိုက်ပါလုပ်ဆောင်ခြင်းမပြုဘဲ ပုံမှန်အတိုင်းသွားလာ လုပ်ကိုင်ကြရန် နှင့်အသိသတိရှိစွာဖြင့် သာယာ အေးချမ်းစွာ နေထိုင်ကြစေရေးများကို ဆွေးနွေးပြောကြားခဲ့သည်။ ထိုအစည်းအဝေးသို့ ခမောက်ကြီး မြို့ ဌာနဆိုင်ရာအဖွဲ့များ၊ ဈေးဆိုင်ခန်းပိုင်ရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

သတင်း - ရူပါမြင့်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)