မင်းဘူးခရိုင်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးခရိုင်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 


MNP - ဇန်နဝါရီ   ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားထားသော လမ်းညွှန်မှာကြားချက်များကို ဖတ်ကြားရှင်းလင်းပြီး ခရိုင်အတွင်း မြို့နယ်များအလိုက် သတ်မှတ်ဖွဲ့စည်းပေးထားသော ဌာနဆိုင်ရာများအနေဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များကို ဘဏ္ဍာနှစ်အလိုက် ဖြည့်စည်းဆောင်ရွက် ပေးနိုင်ရေး ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံ၍ ညှိနှိုင်းဆောင်ရွက်သွားရန် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက်အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင့်ကျော်နှင့် အတွင်းရေးမှူး ဒုတိယရဲမှူးကြီး နိုင်ဦးကျော်တို့က နယ်မြေအေးချမ်းသာယာရေး၊ လုံခြုံရေးကိစ္စရပ်များနှင့် အကြမ်းဖက် အဖွဲ့အစည်းများ၏ ဝါဒဖြန့်နှိုးဆော် လုပ်ဆောင်နေသည့် ကိစ္စရပ်များတွင် ပြည်သူများ အနေဖြင့် ပါဝင်ပါတ်သက်မှု မရှိစေရေးအတွက် အသိပညာပေး လှည့်လည်နှိုးဆော် ဆောင်ရွက်သွားရန် တို့ကို ထည့်သွင်းဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ လုပ်ငန်းတာဝန်များ၊ ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ယခုမီနီ ဘတ်ဂျက်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမှုအခြေ အနေများ၊ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်း ကိစ္စရပ်များ၊ ရွှေစက်တော် ဘုရားပွဲတော် အကျဉ်းချုံး ကျင်းပသွားမည့် အစီအစဉ်များနှင့် ဆင်စခန်းဖွင့်လှစ်သွားမည့် အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြရာ တင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

သတင်း - မောင်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)