မောင်တောမြို့၌ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

 


MNP - ဇန်နဝါရီ    ၂၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများမှ ပူးပေါင်း၍ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေဦးက အဖွင့်အမှာစကားပြောကြားရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ လူထုများမှ ပူးပေါင်း၍ ရဟန်းသံဃာ၊ သာမဏေများအား မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေး အတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေးအတွက် သတ်မှတ် နေရာများ စီမံဆောင်ရွက်ထားသည့် အခြေအနေများ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ သက်ဆိုင်ရာမှ နီးစပ်ရာ ရဲတပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ ပြည်သူလူထုများ ပါဝင်လောင်းလှူနိုင်ရေး အတွက် စီစဉ်ဆောင်ရွက် ထားရှိရန် ပြောကြားခဲ့သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၊ နေ့လယ်ပိုင်းတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မောင်တောမြို့နယ်အတွင်းရှိ ရဟန်းသံဃာ၊ သာမဏေ(၁၄၅)ပါးအား မောင်တောမြို့ မြို့မကျောင်းတိုက်ရှေ့မှ မင်းဘာကြီးလမ်း -ဈေးမြောက်ဘက် ဗိုလ်ချင်းပြန်လမ်း-ဈေးအရှေ့ဘက် ဦးဉတ္တမလမ်း-ယူနိုက်တက်တည်းခိုခန်းလမ်းမှ မြို့မကျောင်းကျောင်းတိုက်အထိ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ကိုဗစ်-၁၉ ညွန် ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)