NLD အစွန်းရောက်များဖွဲ့စည်းထားသည့် အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ရန်အတွက် ပြင်ဆင်ထားသည့် သိမ်းဆည်းရမိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဒေသခံပြည်သူများ အား ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက်များဖွဲ့စည်းထားသည့် အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ရန်အတွက် ပြင်ဆင်ထားသည့် သိမ်းဆည်းရမိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဒေသခံပြည်သူများ အား ထောက်ပံ့ပေးအပ်



MNP ၊ ဇန်နဝါရီ ၂၆    

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား ထောက်ပံ့ရန်အတွက် လွိုင်ကော် မြို့နယ်၊ ဘာဒိုကျေး ရွာ အဆောက်အဦ ၁ လုံးအတွင်း၌ သိမ်းဆည်းထားရှိသည့် လက်ဆွဲအိတ် ၁၂၀ လုံး၊ ခေါက်ဆွဲထုတ် ၁၉၅၀ ထုပ်၊ ကွေကာအုပ် ၁၂၀ ထုပ်၊ အသားဘူးမျိုးစုံ ၇၆၀ ဘူး၊ ဆီ ၅၅၀ ဘူး၊ စောင် ၁၀၀ ထည်နှင့် ကုလားပဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ အစရှိသည့် လူသုံး ကုန်ပစ္စည်းမျိုးစုံကို ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက တွေ့ရှိသိမ်းဆည်းရမိကြောင်းကို သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါ သည်။    

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို လွိုင်ကော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် လောဓမ္မ ရပ်ကွက်ရှိ သီရိမင်္ဂလာဈေး(တောင်ဈေး)၌ တပ်မတော်မှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့က ဖြန့်ဝေထောက်ပံ့ပေးအပ် ကြသည်။ 

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း၌ အများ ပြည်သူတို့အသုံးပြုလျက်ရှိသည့် လေဆိပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခြင်း၊ လွိုင်ကော်အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်သို့ လာရောက်နှောင့်ယှက် ပစ်ခတ်ခြင်း၊ နေအိမ်အဆောက်အဦများအား အကာအကွယ်ယူ၍ ပစ်ခတ်တိုက် ခိုက်ခြင်းနှင့် မြို့နေပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အကာအကွယ်ပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်းအပါအဝင်  အခြားအကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင် လျက်ရှိရာ ဒေသခံပြည်သူများမှာ ကြောက်ရွံ့ထိတ်လန့်၍ ဈေးဆိုင်များပိတ်ထား ရသည့်အပြင် လမ်းခရီးအခက်အခဲများကြောင့် ကုန်စည်စီးဆင်းမှုတွင် အဟန့် အတားဖြစ်ပေါ်ကာ လူသုံးကုန်ပစ္စည်းများ ပြတ်လပ်ခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း များဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)