ထားဝယ်မြို့တွင် အကြမ်းဖက်NLD ပါတီဖျက်သိမ်းပေးရန် ဆန္ဒပြ တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင် အကြမ်းဖက်NLD ပါတီဖျက်သိမ်းပေးရန် ဆန္ဒပြ တောင်းဆို






MNP ၊ ဇန်နဝါရီ ၂၈


ယမန်နေ့က ထားဝယ်မြို့တွင် အကြမ်းဖက် NLD ပါတီဖျက်သိမ်းပေးရေး ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။


ဆန္ဒဖော်ထုတ်သူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ကြိုဆိုထောက်ခံကြောင်း၊ အနောက်ကြိုးဆွဲ အာဆီယံနိုင်ငံများ၏ လုပ်ရပ်ကို ကန့်ကွက်ကြောင်းနှင့် အကြမ်းဖက် NLD ပါတီကို ဖျက်သိမ်းပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။


မဲလိမ်မဲခိုး မဲမသမာမှုများကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ပြီးနောက် NLD ဦးဆောင်သူများသည် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံ ဖွဲ့စည်းပြီး အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများအပေါ် လုပ်ကြံသတ်ဖြတ်မှုများ၊ အများပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းကြောင့် ပြည်သူများက ရွံမုန်းလာကြခြင်းဖြစ်သည်။


အကြမ်းဖက် NLD ပါတီမှ အစွန်းရောက် နိုင်ငံရေးလုပ်စားသူ ပြည်ပြေးများသည် မဲလိမ်မဲခိုး မဲမသမာမှုများကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရပြီး ၁နှစ်ပြည့်မြောက်တော့မည်အချိန်တွင် ဆူပူအကြမ်းဖက် သပိတ်စုံ သူပုန်ထရန် တကျော့ပြန်လှုံ့ဆော်မှုများ ပြုလုပ်ခြင်းကြောင့် ပြည်သူများအနေဖြင့် သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေ ဝါဒဖြန့်လှုံ့ဆော်မှုများတွင် ပါဝင်ဆောင်ရွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတိပေးထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)