တောင်ကုတ်မြို့နယ်အတွင်း Silent Strike (အသံတိတ်သပိတ်) နှင့်ပတ်သက်ပြီးအများပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိပေးနှိုးဆော် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကုတ်မြို့နယ်အတွင်း Silent Strike (အသံတိတ်သပိတ်) နှင့်ပတ်သက်ပြီးအများပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်

        

  

MNP - ဇန်နဝါရီ     ၂၉

ရခိုင်ပြည်နယ် ၊သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်အတွင်း Silent Strike (အသံတိတ်သပိတ်) နှင့်ပတ်သက်ပြီး ဒေသခံပြည်သူများသိရှိစေရေး၊ အသိပေးထုတ်ပြန်ချက်များနှိုးဆော်ခြင်းကို ဇန်နဝါရီ ၂၈ ရက် ညနေ ၃နာရီကစ၍ မြို့မဈေးကြီးအတွင်းမှ ဈေးရောင်း၊ဈေးဝယ်နှင့် ကံပိုင် ရပ်ကွက် ညနေစျေးရောင်း၊ စျေးဝယ်များ၊ ရပ်ကွက်များအတွင်း ဒေသခံပြည်သူများသိရှိစေရေးရပ်ကွက်များအတွင်း အသိပေးသတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များအား ဖြန့်ဝေကာ နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးနှိုးဆော်သတင်းထုတ်ပြန်ရာ တွင်တောင်ကုတ်မြို့ရှိ ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့်ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ ၊လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက် Facebook Account များမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့်ပြုလုပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့်  ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည် ၍ဖြစ်စေ၊ ကြောက်ရွံ့၍  ဖြစ်စေလိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ ၊ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကိုထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ၊ရာဇသတ်ကြီးပုဒ်မ. ၁၂၄ -ကနှင့် ပုဒ်မ ၅၀၅ -က ၊အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ခြင်းအား ရပ်ကွက်များအတွင်း  အသံချဲစက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်အတွင်း အသိပေးထုတ်ပြန်ချက်များကို ဌာနဆိုင်ရာများပူးပေါင်း၍ လက်ကမ်းစာစောင်ဖြန့်ဝေကာ ရပ်ကွက်များ၊ စျေးများအတွင်း အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)