MNP - ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင် အကြမ်းဖက်အဖွဲ့ဝင်များ၏ နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မူများတွင် ပြည်သူများအနေဖြင့်ပါဝင် ပတ်သက်မှု မရှိစေရေးအတွက် အသိပေးလက်ကမ်းစာစောင်များအား ယမန်နေ့ ညနေပိုင်းအချိန်ကမြို့ပေါ် ရှိမိဘပြည်သူများထံသို့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။
ထိုသို့အခမဲ့ဖြန့်ဝေရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ လိုက်လံဖြန့်ဝေခဲ့ပါသည်။
အဆိုပါလက်ကမ်းစာစောင်ပါကြောင်းအရာတို့မှာအကြမ်းဖက်အုပ်စု အဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ် နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ် လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့်နည်းမျိုးစုံဖြင့် ပြုလုပ် လျက်ရှိကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ်မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေလိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေအများ ပြည်သူ အနှောင့် အယှက်ဖြစ်စေမည့်ပြုလုပ်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ်လျှင် အကြမ်းဖက်မှု တိုက် ဖျက်ရေးဉပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က အီလက်ထရောနစ် ဆက်သွယ်ရေး ဉပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဉပဒေများအရ အရေးယူခံရနိုင်ကြောင်းပြစ်မှု နှင့် သက်ဆိုင်သည့် ရွှေ့ပြောင်း နိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာ အဖြစ်သိမ်းဆည်းခံရနိုင်ကြောင်းစသည့် အချက်များပါရှိပါသည်။
သတင်း - ခင်ချို
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment