မုဒုံမြို့၌ ဥယျာဉ်ခြံသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး (TOT) သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၌ ဥယျာဉ်ခြံသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး (TOT) သင်တန်းဖွင့်လှစ်

 


MNP - ဇန်နဝါရီ    ၂၉

မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  နှစ်ရှည်ဥယျာဉ်သီးနှံပင်များ မျိုးကောင်း၊မျိုး သန့်ထုတ်လုပ်ရေး၊လေ့ကျင့်ပညာ ပေးရေးနှင့်သုသေတနဖွံ့ဖြိုးရေးအတွက်  ဥယျာဉ်ခြံ သီးနှံကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး နည်းပညာပေး (TOT) သင်တန်းကို ယနေ့နံနက်  ၉  နာရီ က မုဒုံမြို့နယ် အဇင်းဥယျာဉ်ခြံရှိ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး  ဦးလှမိုးအောင်က  သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားသည်။   ထို့နောက်  ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင့်နိုင်က မျိုးကောင်း၊မျိုးသန့်  ပျိုးပင်များ ထုတ်လုပ်သည့် ကိုင်းကူးကိုင်းဆက် နည်းပညာကို သင်ယူပြီး ဈေးနှုန်းသက်သာစွာဖြင့် ပျိုးပင်များထုတ်လုပ်ပေးနိုင်ရန်၊ခေတ်မီစိုက်ပျိုးထုတ်လုပ်သည့် အဆင့်မြင့် နည်းစနစ်များကို သင်တန်းသားများအနေဖြင့် သေချာစွာလေ့လာ သင်ယူပြီး စိုက်ပျိုးမည့် ဒေသခံတောင်သူ လယ်သမား များအား စိုက်ပျိုးနည်းစနစ်ပညာကို လက်ဆင့်ကမ်းဖြန့်ဝေပေးနိုင်ရန်၊  မွန်ပြည်နယ်အတွင်းရှိ  တန်းဖိုးမြင့်ထုတ်ကုန်  ဥယျာဉ်ခြံသီးနှံများ ထုတ်လုပ်ပြီး တောင်သူများ အပိုဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနိုင်ရန်၊ အရည်သွေး အထွက်နှုန်းကောင်းသည့် စိုက်ပျိုးနည်းစနစ်များ သီးနှံများကို မွန်ပြည်နယ်အတွင်း ထုတ်လုပ်မှုဖူလုံရုံသာမက အခြားဒေသများတို့ကိုပါ ပို့ဆောင်နိုင်ရန်နှင့် နိုင်ငံခြားဝင်ငွေရရှိအောင် မျှော်မှန်း၍ ကြိုးပမ်းဆောင်ရွက်ကြပါရန် စသည့် သင်တန်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများတို့ကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် ၊ခရိုင်၊ မြို့နယ်များနှင့်မုဒုံမြို့နယ် နှစ်ရှည်ခြံတို့မှ သင်တန်းသား၊သင်တန်းသူ(၂၀)ဦးတို့အား သင်တန်းနည်းပြ (၅)ဦးက သိပ္ပံနည်းကျဖြင့် ကျွဲကော၊မင်းဂွတ်၊ ကြက်မောက်၊ ဒူးရင်း စသည့်သစ်သီးဝလံများ သီးနှံများ၏ အရည်အသွေးနှင့်အထွက်နှုန်းကောင်းမွန်အောင် ထုတ်လုပ်ခြင်းနည်းလမ်းများ၊ GAP စနစ်ဖြင့် သစ်သီးဝလံများ စိုက်ပျိုးခြင်းနည်းလမ်းများတို့ကို စာတွေ့၊ လက်တွေ့ (၂) ရက်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း  သိရ သည်။

သတင်း - အောင်မျိုးသူ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)