ဝက်လက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝက်လက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်



MNP - ဖေဖော်ဝါရီ    ၂၁

စစ်ကိုင်တိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် အမှတ် ၃ ရပ်ကွက်ရှိ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ရွှေလှံဗိုလ် အားကစား ကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ယမန်နေ့  နံနက်ပိုင်မှ စတင်၍ ကုသရေး စင်တာ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဝက်လက်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုတွင် မြို့နယ်အတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ လူနာများအနေဖြင့် လာရောက် ဆေးကုသမှု ခံယူရာတွင် နေရာထိုင်ခင်း အဆင်ပြေစေရေး လေကောင်း လေသန့်ရရှိစေရေး၊ ရေ၊ မီး၊ သန့်စင်ခန်းများ အထူးကောင်းမွန်စေရေး၊ သဘာဝ ဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းများကို ဝက်လက် မြို့နယ်မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များက ပူပေါင်းပါဝင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတင်း - စိုးစိုးလှိုင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)