မိတ္ထီလာတက္ကသိုလ်၌ သင်ကြား၊ စီမံဌာနပေါင်းစုံ ထမနဲထိုးပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာတက္ကသိုလ်၌ သင်ကြား၊ စီမံဌာနပေါင်းစုံ ထမနဲထိုးပြိုင်ပွဲကျင်းပ

 


MNP - ဖေဖော်ဝါရီ   ၁၅

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ် သင်ကြား၊စီမံ ဌာနပေါင်းစုံ ထမနဲထိုးပြိုင်ပွဲအား ယနေ့နံနက် ၇ နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိကွင်းပြင်တွင် ကျင်းပကြောင်းသိရသည်။

အဆိုပါထမနဲထိုးပြိုင်ပွဲတွင် ရှေးဦးစွာ မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာဘဟန်က အဖွင့်အမှာ စကား ပြောကြားသည်။ ထိုနောက် ထမနဲထိုးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် သင်တန်းရေးရာဌာန၊ စီမံရေးရာဌာန၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ပထဝီဝင်၊ ရုက္ခဗေဒ၊ ဓာတုဗေဒ၊ သတ္တဗေဒ စုစုပေါင်းပြိုင်ပွဲဝင်အသင်း ၁ဝသင်း ပါဝင်ယှဉ်ကြရာ ပါမောက္ခချုပ်ဒေါက်တာဘဟန်နှင့်တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသူကျောင်း သားများက  ကြည့်ရှု့အားပေးသည်။      အဆိုပါထမနဲထိုးပြိုင်ပွဲတွင် ပထမဆုရရှိသော သင်္ချာအသင်း၊ ဒုတိယဆုရရှိရုက္ခဗေဒအသင်းနှင့် တတိယဆု ရရှိသော စီမံရေးရာဌာန အသင်းတို့အား ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများကဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်းသိရသည်။ 

သတင်း - ချမ်းသာ

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)