ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန် (၂၂၅)ဧကအတွက် ဝါမျိုးစေ့နှင့်လူးနယ်ဆေးများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန် (၂၂၅)ဧကအတွက် ဝါမျိုးစေ့နှင့်လူးနယ်ဆေးများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ




MNP - ဖေဖော်ဝါရီ    ၁၉

၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန်(၂၂၅)ဧကအတွက် ဝါမျိုးစေ့နှင့်လူးနယ်ဆေးများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီခွဲက ပျော်ဘွယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုင်းသန်းအောင် က မိမိတို့နိုင်ငံသည် အဓိကသီးနှံများတွင်ပါဝင်သည့် ဝါသီးနှံကိုစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်ပါကြောင်း၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားစေရေး၊ အထွက်နှုန်းတိုးတက်ရေးတို့အတွက် ယခုကဲ့သို့ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ တောင်သူများ၏အခန်းကဏ္ဍသည် လွန်စွာအရေးပါသောကြောင့် မျိုးစေ့နှင့်လူးနယ်ဆေးတို့ကို အခမဲ့ထောက်ပံ့ ပေးခြင်းဖြစ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ရမည်းသင်းခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးကြည်လင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းညွန့်တို့က စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ စိုက်ပျိုးရေကို အကျိုးရှိစွာအသုံးချနိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့်တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် အထူးဇုန် (၂၂၅)ဧကတွင် ဝါသီးနှံစိုက်ပျိုးမည့်တောင်သူများကို မျိုးစေ့နှင့် လူးနယ်ဆေးများအား မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးစိုင်းသန်းအောင် နှင့် တာဝန်ရှိသူများက အခမဲ့ထောက်ပံ့ပေးခဲ့ကြသည်။

ပျော်ဘွယ်မြို့နယ်တွင် ဝါအထူးဇုန်စိုက်ဧရိယာကို ဝက်လက်ကျေးရွာအုပ်စုတွင် ဧက(၁၀၀)၊ စံပါယ်ကုန်း ကျေးရွာအုပ်စုတွင် ဧက(၁၀၀)၊ ကျူတောဝကျေးရွာအုပ်စုတွင် (၂၅)ဧက၊ စုစုပေါင်း(၂၂၅)ဧကတွင် သတ်မှတ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မင်းမင်းထွေး

မြန်မာနေရှယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)