MNP ၊ ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊မိုးညိုမြို့နယ်၊ရေကင်းကျေးရွာအုပ်စု၊အလယ်ရွာကျေးရွာတွင်မိုးညိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှအသက် မွေးဝမ်းကြောင်းအထောက်အကူပြု ဝါးလက် မှုပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်း ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအချိန်ကအလယ်ရွာ ကျေးရွာတွင် ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မိုးညိုမြို့နယ်စီမံအုပ်ချုပ်းရေးအဖှဲ့ဥက္ကဌဦးမင်းသိဒ္ဓိက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းစိုးက ဝါးလက် မှုပညာသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်၊ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သင်ထောက်ကူပစ္စည်းများကို သင်တန်းတက်ရောက်သူများအား ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၂ ရက် မှ ၁၁ ရက်နေ့ထိ သင်တန်းသား၊သင်တန်းသူ ၂၀ ဦးအား ၁၀ရက်ကြာ ဝါးလက် မှုပညာဖြင့် ပြုလုပ်သည့် စကော၊ဇကာ၊တောင်းအမျိုးမျိုး၊ခမောက်အမျိုးမျိုး အစရှိသည်တို့အား သင်ကြားပေးသွားမည်ဖြစ်ပြီးကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိပြီး ကျေးလက်နှင့်မြို့ပြကွာဟမှု ကျဉ်းမြောင်းလာစေရန်နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သတင်း - ကိုမင်း(မိုးညို)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment